Unicode
၁၉|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ
ဒီဇင်ဘာ၂၉ရက်၊၁၉၂၉ခုနှစ်။
မြန်မာနှစ်-နတ်တော်လကွယ်(၁၄)ရက်၊၁၂၉၁ခုနှစ်။ကြောင်ခြစ်ပိန်းရွာသို့ ပြန်လည်ရောက်ရှိကြပြီး
ဖြစ်သည်။~~~~~~
နုထွေးက ကရင်နှစ်သစ်ကူးမတိုင်မီ သူ(မ)၏
ရွာသို့အလည်ခဏပြန်သွားခဲ့၍ ဂန္ဓမာမြိုင်ခြံ၌
အချက်အပြုတ်တာဝန်ယူမည့်သူ,မရှိပေ။
ထို့ကြောင့် ဟင်းချက်ကျွမ်းကျင်သော ဖိုးထီက
အချက်အပြုတ်တာဝန်ယူ၏။ငွေမောင်က ဝိုင်းကူ
ရန် တာဝန်ယူ၏။ကြည်သာက ဈေးသို့သွားရန် တာဝန်ယူ၏။
မြို့အုပ်မင်းမှာကား ဈေးခြင်းဆွဲကာ ကြည်သာ့
အနောက်သို့လိုက်ရန် တာဝန်ယူ၏။တာဝန်များအား အသီးသီးခွဲယူကြမှုအပြီး၊
ကြောင်ခြစ်ပိန်းရွာ၏ ခြစ်ပိန်းဈေးသို့သာ
စက်ဘီးတစ်စီးဖြင့် ထွက်လာခဲ့တော့သည်။"ကြည်သာ..ဖြည်းဖြည်းနင်းစမ်းပါဗျာ၊
ကျုပ်မယ် ဘယ်အချိန် စက်ဘီးမှောက်မလဲဆိုပြီး ဘုရားတနေရတယ်""ဖြည်းဖြည်းတော့ ကျုပ်မနင်းနိုင်ပေါင်"
"ဟော တွေ့ကလား..ကိုယ့်လင်ရဲ့စကားကို သက်လျာက နားမထောင်ဘူးပဲ"
ကျွီ!ခနဲမြည်အောင် စက်ဘီးကို ဘရိတ်အုပ်ကာ
ကြည်သာက ရပ်မိလိုက်၏။သည်မြို့အုပ်မင်းက
မထင်ရင်မထင်သလို ဤသို့ထထပြောတတ်သည်
ကို ကြည်သာက ကောင်းစွာသိသည်။ယခု..စက်ဘီးကိုရပ်လိုက်လျှင် မြေပေါ်သို့
ခြေထောက်တစ်ချောင်းကိုထောက်ထားကာ ကြည်သာက သန့်မောင်ကိုပင် လှည့်ကြည့်လာသည်။အကြည့်များက ကြောင်ခြစ်ပိန်းရွာ၏နေရောင်
ခြည်ပျပျအောက်၌ ကြည်ရွှန်းကာတောက်နေ၏။
ညိုဖျော့လှသော မျက်လုံးအရောင်ကလေးမှာ
လဲ့နေ၏။"ခင်ဗျားပါးစပ်ကိုပိတ်ထားမလား၊ကျုပ်က
ခင်ဗျားကို စက်ဘီးပေါ်ကနေ တွန်းချပစ်ရမလား
ကိုသန့်မောင်"သန့်မောင်က လက်ဖဝါးတစ်ချပ်ဖြင့် နှုတ်ခမ်းသို့
ဖိပိတ်လိုက်ကာ ခေါင်းခါပြ၏။ပြီးကာမှ တဟဲဟဲ
ရယ်လျက် မျက်နှာချိုသွေးလာသည်။
ESTÁS LEYENDO
ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]