Unicode
၁၃|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ
မြန်မာနှစ်-၁၂၉၁ခုနှစ်၊နတ်တော်လဆုတ် (၅)ရက်။
၂၀.၁၂.၁၉၂၉(သောကြာနေ့)
ရန်ဂွန်း(Rangoon)မြို့တော်ရှိ မောင်ဂိုမာရီလမ်း။
~~~~~~
ဖို့ဒ်မော်တော်ကားတစ်စီးမှာ'မောင်ဂိုမာရီလမ်း' အတိုင်း မောင်းနှင်လာနေသည်။များမကြာမီ
ခြံကြီးတစ်ခြံအရှေ့သို့ ရောက်ကြမည်လည်း
ဖြစ်သည်။
"စိန်မဟာမြိုင်"
"ဝတ်လုံဦးမြတ်သန့်"ဟု ဘာသာနှစ်မျိုးဖြင့်
ရေးထိုးထားသော ဆိုင်းဘုတ်နှစ်ခုအား ဆင့်၍
ချိတ်ထားသည့် တံခါး၏အုတ်တိုင်မျက်နှာစာ၌
ထိုဖို့ဒ်မော်တော်ကားမှာရပ်တန့်လျက် ဟွန်းတစ်
ချက်ပင်တောက်လိုက်သည်။
ပွင့်ဟလာသော ခြံ၏တံခါးချပ်ကြီးကိုပင်မြင်
ရလျှင် မော်တော်ကားအား မောင်းနှင်လာသူ
ငွေမောင်က ခြံထဲသို့ပင်ဆက်ကာမောင်းဝင်သွား
တော့သည်။စင်ဝင်အောက်သို့မောင်းဝင်လာပြီး
လျှင် ကားစက်ကိုသတ်ကာရပ်လိုက်ပါက အိမ်ထဲ
မှထွက်ကြိုလာသူမှာ အသက်လေးဆယ်ကျော်
ဝန်းကျင်အရွယ် အမျိုးသမီးကြီးသာဖြစ်သည်။
"ဒီကနေ့ရောက်တာ နောက်ကျသလားလို့"
ထိုအမျိုးသမီးကြီးက စကားဆို၏။
မော်တော်ကားပေါ်မှဆင်းလာသူ သန့်မောင်က
တော့ တည်ငြိမ်သောမျက်နှာထားဖြင့် မိခင်ဖြစ်သူဒေါ်စိန်အမာထံသို့ ဦးစွာအကြည့်များပေးလျက် ပြန်စကားဆိုလာပေသည်။
"ခါတိုင်းထွက်လာနေကျအချိန်ထက် နောက်ကျ
ပြီးမှထွက်လာဖြစ်လို့ပါ"
သန့်မောင်က သည်လောက်သာဆိုလျက် အိမ်ထဲ
သို့ဝင်၏။အိတ်များကိုပင် အိမ်အကူများက
မော်တော်ကားပေါ်မှ သယ်သူကာ အပေါ်ထပ်ရှိ
အိပ်ခန်းအတွင်းသို့ပင် သွားထည့်နေကြတော့ သည်။ငွေမောင်က အနောက်မှလိုက်ဝင်လာရင်း သန့်မောင်၏ဘေး၌ဝင်ထိုင်လာသည်။
ဒေါ်စိန်အမာမှာကား မျက်နှာချင်းဆိုင်ခုံ၌
ဝင်ထိုင်လာတော့သည်။
"ငွေမောင်..မင့်အစ်ကိုကြီးရဲ့ဇနီးလောင်းက
အေစကော့ဘိလပ်ရည်ပုလင်းတွေဝယ်လာပေး
တယ်ကွဲ့"
VOCÊ ESTÁ LENDO
ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]
![ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]](https://img.wattpad.com/cover/292414028-64-k227990.jpg)