စာမျက်နှာ-(၁၆)|Uni+Zaw|

1.2K 127 8
                                    

Unicode

၁၆|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ

ဖယ်ရာလမ်း..။

~~~~~~

သည်ကနေ့၌ ရှိန်တင့်အူမြူးနေသည်။
ငွေမောင်နှင့်ဓာတ်ရှင်ကြည့်ကြရန် ချိန်းဆိုထား
ခဲ့ပြီး၊ကိုယ်တိုင်ကိုယ်ကျ လာရောက်ခေါ်ယူခွင့်
လည်းရခဲ့၍ အနာဂတ်​၏ယောက်ဖလောင်း သန့်မောင်ကိုပင် ကျေးဇူးတင်လွန်းကာ ထိုင်ပင်
ရှိခိုးပစ်လိုက်ချင်​၏။

ဓာတ်ရှင်ကြည့်ရန် အချိန်များက စောစီးနေသေး
၍ မော်တော်ကားအား ပတ်မောင်းပေးပါဆိုသော
ငွေမောင့်စကားကြောင့် ယခု..ရှိန်တင့်​၏
ဖို့ဒ်မော်တော်ကားမှာ ဖယ်ရာလမ်းဘက်သို့ပင်
ရောက်လာခဲ့သည်။

"ဦးရှိန်တင့်"

"ဟင်..ဘယ်လိုကြီးများခေါ်လိုက်သလဲ မောင်ရယ်"

"ဖွီ!"

ရှိန်တင့်က သူ့အား မောင်ဟုပင်ခေါ်ချလိုက်လျှင်
ငွေမောင်က ထိန်းမနိုင်စွာ ထရယ်မိလိုက်သည်။
ငွေမောင့်ပါးစပ်ထဲရှိရေများက ဖွီခနဲ၊ဖူးခနဲဖြစ်
ကာ ရှိန်တင့်မျက်နှာပြင်သို့ လာစဉ်​တော့၏။

စုံထောက်ကြီးက မည်သို့စိတ်ကူးပေါက်ကာ
မောင်ဟုပင် ခေါ်လာပါသလဲ။ငွေမောင်က
အကြောင်းအရင်းမသိသော်ငြား၊ရယ်ဖို့ကိုတော့ သူကသိပါ​၏။

ဗိုက်ကိုနှိပ်ကာ တခွီခွီရယ်နေပါသောငွေမောင်မှာ ခွက်ထိုးခွက်လန်ပင်ဖြစ်လာလျှင် ရှိန်တင့်ခမျာ မော်တော်ကားကိုပင် လမ်းဘေးသို့ချရပ်လိုက်ရ
သည်။

"ရယ်ရင်းနဲ့လည်း အသက်ပါ ပါသွားအုံးမယ်ဗျာ..ဂရုစိုက်ပါ"

"ဘာပြောတယ် ဦးရှိန်တင့်"

"ဪ ငွေမောင်က ခေါင်းတင်မက၊နားပါမကောင်းဘူးထင်တယ်နော့်"

"ဦး ရှိန် တင့်!"

"ဘာတုန်းဗျာ..အဲ့နာမည်က အတော်ပဲခေါ်လို့
ကောင်းသလား"

​ရှိန်တင့်က စနောက်နေဟန်လည်းမပေါ်။
ရွှတ်နောက်နောက်လေသံပင်မပေါက်ချေ။
သူက ငွေမောင့်ကိုချစ်နေရသူဖြစ်လင့်ကစား၊
စကားပြောလျှင်တော့ ထိုသို့မျှ အတည်ဟန်ပန်
ပင်ပေါက်နေတတ်သည်။အမှန်မှာတော့ ငွေမောင့် ကို အသည်းယားကာ သူကစနောက်နေခြင်းသာ
ဖြစ်​၏။

ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]Where stories live. Discover now