စာမျက်နှာ-(၂၁)|Uni+Zaw|

1.3K 136 11
                                    

Unicode

၂၁|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ

စိမ်းမြရွက်တို့၊ရွက်ရင့်ရော်သော်
တပြန်ကြွေကျ၊ရောက်ခဲ့ဂိမှာန်။

လေပူနွေးနွေး၊ဆော်ဩဝေ့သီ
လွင့်လူးခစား၊ဖွေးဖွေးလှုပ်စွာ
တဖွဲဖွဲလွင့်၊နီရဲသက်ဆင်း
လက်ပံပွင့်တို့၊ဝေပါသော်လည်း
ရဲသွေးနီစွာ၊ဝင့်ကာကြွား​တော့
ပျံ့ကာခင်းလည်း၊လှသွေးကြွယ်သည်
နွေပန်းချီကား၊ရေးဆွဲဦးစို့။

လွမ်းကာမြည်တမ်း၊နွေဥဩမယ်
နွေ​၏ဇာတ်ပို့၊အလွမ်းဇာတ်တို့
ရာသီပြယုဂ်၊ဖွဲ့ကာကျူးရင့်
ယှက်ကာသန်းတော့၊ကြားလိုက်ရသည်
ငှက်ဖိုထံမှ..ဥဩ..ဥဩ။

​ရွက်စိမ်းရွက်ဦး၊ပုရစ်ဖူးတို့
ရစ်ဖူးပြူထွက်၊အစိမ်းသွေး​သွေး
ဆိုရရကား၊နွေ​၏ဇာတ်ထုပ်
ပြဇာတ်ထုတ်လို့၊တကြော့ပြန်​ရ
ထိုကဂိမှာန် ရောက်ခဲ့တော့ပြီ။

#မြတ်မင်းသန့်မောင်
​..

~~~~~~

မတ်လ ၂ရက်၊၁၉၃၀။
မြန်မာနှစ်-တပေါင်းလဆန်း(၄)ရက်၊၁၂၉၁။

ချုပ်ငြိမ်းသွားသော မှုခင်းကိစ္စများ​၏နောက်
မည်သည့်ကာလများအထိ အေးချမ်းနိုင်မည်
ရယ်မသိ။မြို့အုပ်မင်းတို့​က ပိရိသေသပ်စွာ
ရာဇဝတ်မှုတို့ဖော်ထုတ်ခဲ့ပြီးပါလျှင်၊ကြောင်ခြစ်
ပိန်းရွာမှာ အတော်ပင် အေးချမ်းသာယာလာခဲ့သည်။

လွတ်လပ်နေသော သူကြီးမင်းနေရာကိုပင်
ပြန်လည်ဖြည့်တင်းပေးနိုင်ခဲ့လျှင်၊ကိုဘထွန်း
တို့ကလည်း ရှေ့ကသူကြီးမင်းကဲ့သို့ မဖြစ်စေရန်
သေချာစေ့စပ်လေ့လာပြီးပါမှ တင်မြှောက်ခဲ့ကြ
ခြင်းသာဖြစ်သည်။

တရွေ့ရွေ့ကုန်ဆုံးခဲ့သော ရက်စွဲများထံ တာဝန်
အသီးသီးကိုယ်စီထမ်း၍ ကျေပွန်စေရန် ဆောင်
ရွက်ခဲ့ကြရသည်။နွေ​၏ပြယုဂ်အား ဥဩတွန်သံ
ဟုဆိုပါလျှင်၊ထပ်ဆင့်ဆိုနိုင်သည်က တစ်ခုတည်း
ပင်မကချေ။

လက်ပံပင်​၏ပတ်လည် လက်ပံပွင့်များက
ကြွေကျနေလျှင် ရွာရှိကလေးများက ဝိုင်းဖွဲ့
ကောက်နေကြသည်။ပြင်းရှသောနေရောင်ခြည် အောက် အေးမြသောသနပ်ခါးကိုပင် ပါးပြင်ထံ တင်ထားကြလျှင် ငွေမောင်မှာလည်းထိုနည်းတူပင်။

ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]Où les histoires vivent. Découvrez maintenant