Unicode
၁၅|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ
နတ်တော်လဆုတ် (၁၀)ရက်
သို့/
ကိုသန့်မောင်သိစေရန်...။ခင်ဗျားကပြောတယ်..ညတွေဟာတိတ်ဆိတ်ပါ
တယ်တဲ့။တစ်စုံတစ်ယောက်အပေါ် တိမ်းညွတ်
ခုန်လှုပ်နေခဲ့မိတဲ့ ကျုပ်ရင်ခုန်သံတွေကတော့ တိတ်ဆိတ်တဲ့ညတွေရဲ့အလယ်မှာ သိသိသာသာ
ဆူညံနေခဲ့ရပါတယ်။ကိုသန့်မောင်..ကျုပ် ခင်ဗျားကိုလွမ်းမိတယ်။
မှ/
စတီဗင်ကြည်သာမေတ္တာဓာတ်ခံတွေနဲ့ ရေးချပစ်လိုက်မိတဲ့
စာကြောင်းတွေပါ။အလွမ်းဒဏ်တွေရဲ့အလွန်မှာ
ကျုပ်က လွမ်းတဲ့စိတ်တွေနဲ့ဖျားနာနေခဲ့တယ်။******
ဒီဇင်ဘာ၂၅၊၁၉၂၉ခုနှစ်။
မြန်မာသက္ကရာဇ်-နတ်တော်လဆုတ် (၁၀)ရက်၊၁၂၉၁ခုနှစ်။ရန်ဂွန်း(Rangoon)တွင် ခရစ္စမတ်ပွဲတော်နေ့အား ကျင်းပနေကြသကဲ့သို့ ကြောင်ခြစ်ပိန်းရွာ၌တော့ ယမန်နေ့များကအတိုင်း သိသာစွာတိတ်ဆိတ်နေ
သည်။၎င်းတို့က နေ့စဉ်နေ့တိုင်း ရေနံဆီမီးအိမ်ကလေးများထွန်းထားသော မီးရောင်များအောက် မိသားစုထမင်းစားဝိုင်းကလေးကိုသာမြိုင်မြိုင်
ကျင်းပနေတတ်ကြသည်။ကြည်သာမှာတော့ ခြံထဲသို့ထွက်ကာ မီးလှုံနေ
သည်။တစ်ခါတစ်ခါ နံ့သာရောင်စာရွက်များ
အပေါ် ဖောင်တိန်တစ်ချောင်းဖြင့် စကားလုံးများအားရေးချနေတတ်သည်။ဖောင်တိန်ကိုပင် နားကြားညှပ်ကာ အကြမ်းရေခပ်နွေးနွေးတစ်ခွက်
ကိုသောက်ရင်း မီးလှုံနေတတ်သည်။ထို့နောက် လွမ်းခြင်းများဖြင့် ရေးချမိခဲ့သော
စကားလုံးများပါ စာရွက်များကိုပင် စာအိတ်ထဲ
သို့ထည့်ကာ ဂုန်နီကြိုးနှင့်ဂန္ဓမာပွင့်များကိုအသုံး
ပြုလျက် သိမ်းဆည်းနေခဲ့သည်။"ဆရာလေး.."
"လာလေဖိုးထီ..ဒီမှာလာထိုင်လှည့်"
အနားသို့ရောက်လာခဲ့သောဖိုးထီအား ကြည်သာ
က သစ်တုံးကလေးပေါ်ထိုင်ရန် နေရာပေး၏။
ယခုရက်များအတွင်း ဖိုးထီနှင့်ညီအစ်ကိုရင်း
သဖွယ် ရင်းနှီးလာကြကာ၊ကြည်သာက ရင်ဖွင့်
နိုင်သည်။သန့်မောင်အား မည်မျှပင်လွမ်းနေမိပါ
ကြောင်း ဖိုးထီကိုပင် သူကရင်ဖွင့်နေတတ်ခဲ့ပြီ
ဖြစ်သည်။
YOU ARE READING
ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]