Unicode
၇|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ
သန့်မောင်အတွက်တော့ အတိတ်နှင့်မှတ်ဉာဏ်
၏ ကြားခံနယ်မှာ အိပ်မက်ဖြစ်သည်။ပျောက်ဆုံး
ဝေဝါးနေခဲ့ပါသော အတိတ်ဟုဆိုပါလျှင်၊ရှာဖွေ
ခြင်းနယ်မြေကလေးမှာ အိပ်မက်ပင်ဖြစ်သည်။
"ကြည်သာ..ကြည်သာ!"
ပုစွန်တုပ်များကဲ့သို့ ကွေးနေရပါသော ဆောင်း၏
အချမ်းဒဏ်များအကြား သန့်မောင်က ချွေးများ
ပင်နစ်နေသည်။လှိုက်ဖိုစရာအိပ်မက်ထံ သူက အတိတ်ဟုဆိုရမည်ဖြစ်သော မှတ်ဉာဏ်အပိုင်း
အစတချို့ကိုပင် ရှာဖွေနေသူဖြစ်သည်။
တွန့်ချိုးကျနေပါသော မျက်ခုံးတန်းများနှင့်၊
သန့်မောင်၏ အညိုသန်းသော နှုတ်ခမ်းထံ၌
နာကျင်မှုများက ကပ်ငြိနေသည်။
တိုးပျစွာ နွမ်းနယ်နေသူကဲ့သို့ ယောင်ယမ်းမြည်
တမ်းသည်က"ကြည်သာ"ဆိုသော အမည်နာမ
တစ်ခုကိုသာပင်။
မျက်ဝန်းထောင့်မှ စီးကျလာမှုအရည်ကြည်များ
က စိတ္တဇနာမ်ဖြစ်သော စိုးရိမ်မှု၊နာကျင်ရမှု၊
ပူဆွေးရမှုတို့ပျော်ဝင်နေသည့် မျက်ရည်များဖြစ်
ကြပေသည်။
တိုင်ကပ်နာရီဆီမှ ညရှစ်ချက်တီးပြီဖြစ်ကြောင်း
အသံများမြည်လာပါလျှင် ထိုသည်က သန့်မောင်အိပ်မက်၏ အဆုံးသတ်တစ်ဖြတ်လည်းဖြစ်သည်။
သန့်မောင်လန့်နိုးလာပါလျှင် မျက်နှာကြက်အား
ငေးကြည့်နေတတ်၏။ဓာတ်ပြားဖွင့်စက်မှ
သီချင်းသံမှာ လာနေဆဲဖြစ်ကာ၊ကုလားထိုင်ပေါ်
၌ အိပ်ပျော်သွားခဲ့မည်မှန်း သန့်မောင်သိပါသည်။
အိမ်မက်များအဆုံးသတ်လျှင် သူသိခဲ့ရသည်က
အတိတ်များ၏ မှတ်ဉာဏ်အပိုင်းအစတစ်ခုချင်းများကိုသာ ဖြစ်လာခဲ့သည်။
******
ည၏တိတ်ဆိတ်မှုထက် ကြည်သာ၏အိမ်အနီး
အနားပတ်ဝန်းကျင်မှာ လူပြတ်ပေ၏။ယနေ့ည အိမ်၌ဖိုးထီ,မရှိချေ။ရွှေကျွန်းလှရွာရှိသူ၏ဘကြီးမှာ ဆုံးပြီဟုကြားကြားချင်း ဖိုးထီက နွားလှည်း
ဖြင့် လိုက်သွားရ၍ဖြစ်သည်။
YOU ARE READING
ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]
![ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]](https://img.wattpad.com/cover/292414028-64-k227990.jpg)