စာမျက်နှာ-(၁၇)|Uni+Zaw|

1.2K 122 0
                                    

Unicode

၁၇|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ

မြောက်လေများဆော်သွေးလာသည့် ဒီဇင်ဘာ
​၏ဆောင်းရာသီ။စိန်မဟာမြိုင် ခြံဝင်းအတွင်း
ဖွေးဖွေးလှုပ်နေသည့် နှင်းဆီစိုက်ခင်းထံမှ
နှင်းဆီများမှာမူ ဘယ်ညာယိမ်းထိုးနေကြတော့
သည်။တိုးဝှေ့လာသောလေပြည်ထံ ကြိုင်ပျနေ
သည်က နှင်းဆီရနံ့ဖြစ်၍ ထပ်လောင်းပေါင်းနေ
သည်ကတော့ ခရေရနံ့သာဖြစ်​၏။

သန့်မောင်က ခရေပန်း၊ခရေရနံ့ဆိုလျှင် သူက
အလွန်ပင် နှစ်ခြိုက်သဘောကျသူသာဖြစ်သည်။
ဤသို့ဖြင့် စိန်မဟာမြိုင်ခြံဝင်းအတွင်း ခရေပင်
များကိုပင် ဒေါ်စိန်အမာက ယခင်များကတည်း
က စိုက်ပျိုးပေးထားခဲ့သည်။ထိုခရေပင်များထံ ခရေပွင့်များက ရာသီအချိန်အခါမဟုတ်လျှင်
တောင်မှ ထထပွင့်တတ်ကြသည်။

"ကိုသန့်မောင်..ခင်ဗျား ချိုင့်ခွက်တွေရှိတဲ့ဘက်
ကို မနင်းနဲ့လေဗျာ။ကျုပ်မယ် ဘားတန်းပေါ်မှာ
ထိုင်နေရတဲ့သူနော်၊ဘီးက ချိုင့်ခွက်ထဲကျကျ
သွားရင် နာတယ်ဗျ၊ဘာမှတ်နေသလဲ"

"နာရင်..ကိုသန့်မောင်ရဲ့ခါးကိုပိုဖက်ပြီး၊ရင်ခွင်
ထဲကိုတိုးဝင်လာပေါ့။နို့..ပြီးရင်တော့ဖြင့် စကား
နားထောင်ပါ မောင်ရယ်လို့ တစ်ခွန်းထဲသာချွဲပစ်
လိုက်စမ်းဗျာ။

ကျုပ်ကလိမ္မာပါတယ်..ဟောဒီ့က သက်လျာလေး
နဲ့ဆိုရင်ပေါ့"

ရလေးစက်ဘီး​၏ဘားတန်းပေါ်မှ ကြည်သာက
ထိုင်လိုက်ကာ စီးနေမိလျှင်၊တင်နင်းသူမှာတော့
သန့်မောင်သာဖြစ်သည်။စက်ဘီးမှာ အမျိုးသား
စီးဖြစ်၍ အနောက်၌ထိုင်ခံမပါ၊အရှေ့၌ တန်း
နေသော ဘားတန်းသာပါ​၏။

"မောလိုက်တာဗျာ..ဒီကိုယ်လုံးကြီးကိုတင်ပြီး
နင်းရတော့၊ကျုပ်မယ်..အသက်ထွက်တော့မလိုပဲ"

"ကို သန့် မောင်!"

"ခင်ဗျာ"

ကြည်သာကစိတ်ဆိုးလျှင် အမည်နာမအား
ထိုကဲ့သို့ တစ်လုံးချင်းဆီခေါ်ဆိုတတ်မှုကိုပင်
သူကသဘောခွေ့​၏။သို့နှင့် သန့်မောင်ကမရ၊ခဏခဏ စ​​၏၊နောက်​၏။

ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]Onde histórias criam vida. Descubra agora