Unicode
၅|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ
"ဖိုးထီရေ..ကြက်ခြေထောက်တွေနူလာရင်
အိုးထဲက ဆယ်လို့ရပြီနော်"
အိမ်ရှေ့ဘက်မှထွက်လာသော ကြည်သာ၏
စကားသံကြောင့် ဖိုးထီခမျာ ကြောင်အမ်းအမ်း
ဖြစ်လို့ရှာ၏။
ကြက်ခြေထောက်တွေ နူလာရင်..ဟုတ်သလား။
ဆရာလေးဟာ တစ်ခါတလေ သည်လိုပင်လွဲနေ
တတ်သေးသည်။
ယခုလည်း "နူးလာရင်"ဟုပြောရမည့်အစား
"နူလာရင်"ဟု ပြောချလာတော့ ဖိုးထီ,မရယ်ဘဲ
လည်းမနေနိုင်ပေါင်။
"ဗျို့ဆရာလေး..ကြက်ခြေထောက်တွေနူးလာရင်
လို့ပြောရတယ်ဗျ။
ဘယ့်နှယ်..နူလာရင်တဲ့လား၊နူလာရင်တော့ ဘယ်သူမှ စားမှာမဟုတ်ဘူးလေ ဆရာလေးရဲ့.. ဟဲဟဲ"
ဖိုးထီက တဟဲဟဲရယ်လျက် အိုးထဲမှ ကြက်ခြေထောက်နူးနူးကလေးများကိုပင် ဆယ်ယူနေသည်။
ကြည်သာသိသည်။ဖိုးထီက ထိုအကြောင်းနှင့်
ပတ်သက်ကာ စနောက်လာပေဦးမည်။
ကြည်သာက စာအုပ်၏ဖက်လက်စ စာမျက်နှာ
ကိုပင် ခေါက်ချိုးလိုက်လျက် ဖိုးထီထံအသံလှမ်းပေး၏။
"ဖိုးထီ"
"ခင်ဗျာ"
"ဒီအကြောင်းကို..မင့် မြို့အုပ်မင်းဆီ ပြန်ပြောဖို့
လည်းမမေ့နဲ့၊ကြားသလား"
"ဟဲဟဲ ဆရာလေးကလည်း.."ဆိုကာ ဖိုးထီက
တဟဲဟဲ ဆက်ရယ်နေတော့သည်။
တစ်ခါကလည်း အိမ်ထွက်ငှက်ပျောချဉ်သီး
သေးသေးတိုတိုကလေးများအား-
"ငှက်ပျောတိုသီး"ဟုပင် ကြည်သာက မှားပြော
ဖူးသေးသည်။
ဤသည်ကိုပင် မြို့အုပ်မင်းနှင့်တွေ့ပါက ဖိုးထီ
က ဖောက်သည်ပင်ချခဲ့သေး၍ သန့်မောင်ဆီမှ ယမန်နေ့ကအထိ အစအနောက်ခံနေရတုန်း
ဖြစ်သည်။သန့်မောင်က ချစ်ရေးဆိုပြီးချိန်မှ
စကာ ဖိုးထီနှင့်ပင် ရင်းနှီးစေ၍ လူလည်ကျကာ
ကြည်သာ သည်ကနေ့ ဘာလုပ်တတ်သလဲ၊
ကြည်သာ သည်ကနေ့ ထမင်းကိုကုန်အောင်စား
သလား စသည်စသည်အမေးများနှင့်သန့်မောင်
က စကားနှိုက်တတ်သည်။
ESTÁS LEYENDO
ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]
![ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]](https://img.wattpad.com/cover/292414028-64-k227990.jpg)