စာမျက်နှာ-(၆)|Uni+Zaw|

2K 195 25
                                    

Unicode

|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ

​"ဆိုပါအုံးမိတ်ဆွေကြီးရဲ့..ခင်ဗျား ကျုပ်ဆီကို
တည့်တည့်ကြီးဆိုက်ချလာပုံထောက်ရင်တော့
မင်္ဂလာသတင်း ထူးလို့ထင်တယ်"

မြို့အုပ်မင်း​၏လေသံမှာကား အရယ်လေးတစ်
ဝက်နှင့်ဖြစ်သည်။လှောင်ပြောင်ခြင်းပေလောဟု
ဆိုပါက မှားဖွယ်ရာပင်ရှိ​၏။

သက္ကလတ်အင်္ကျီ၊ဘန်ကောက်လုံချည်အား
ဝတ်ဆင်ထားပါသော မြို့အုပ်မင်း​၏အ​ရှေ့ရှိ
လူမှာ ပင်ကိုယ်ဟန်ဖြစ်သော ရယ်သံခပ်တိုးတိုး
ဖြင့် ရေနွေးကြမ်းတစ်ခွက်အား မော့သောက်လိုက် သည်။

ငွေမောင်က ဧည့်သည်အတွက် တစ်ခုခုသွားဝယ် ပေးမည်ဆိုကာ ထွက်သွားပါမှ၊သန့်မောင်တို့၏ အဓိကဖြစ်သော အကြောင်းကိစ္စကိုပင် စရတော့​၏။

"ဘာထူးသလဲ ကိုရှိန်တင့်၊အရေးကိစ္စက အတော်
ပဲ နီးလာပလား"

"ကျုပ်တို့မှန်းထားတဲ့အတိုင်းပဲ ကိုသန့်မောင်၊
တစ်နှစ်မှာတစ်ခါ ဓားပြမှု၊လူသတ်မှုတွေပေါ်ပေါ် လာတတ်ပေမဲ့၊အခု..နှစ်ကုန်ပိုင်းထိရောက်လာပြီ.. အားလုံးပျောက်နေကြတယ်။

ဒါကတော့ ဆိုးဆိုးရွားရွားဖြစ်လာလောက်တယ်
လို့လည်း ယူဆလို့မရနိုင်ဘူးဗျ။ကျုပ်တို့သိထား
တဲ့ အတိုင်းသာဆို သူတို့ဘက်က စလှုပ်ဖို့ကို အတော်လေး အကျပ်ရိုက်နေပုံပဲ။

နို့ဖြင့်..ခင်ဗျားပြောတဲ့ဟိုလူ..သူ့ဘက်ကရော
ဘာထူးသလဲ.."

သို့နှင့် ထိုလျှို့ဝှက်ထောက်လှမ်းမှုများအား
ဆက်လက်ဆွေးနွေးပြောဆိုကြရာ ဓားပြဂိုဏ်း
အကြောင်းမှာကား အဓိကဖြစ်သည်။ဓားပြဂိုဏ်း
​၏ခေါင်းဆောင်ကိုပင် သန့်မောင်နှင့်ကိုရှိန်တင့်တို့
က 'ကချော်ကချွတ်ကောင်'ဟုပင် နာမည်ပြောင်အဖြစ်ခေါ်ဝေါ်ကြရာ၊ဤသည်မှာ ထိုလူ​၏လွဲမှားနေသောအတွေးများဖြင့် သားရေဖုံးထားသော ဘဝအတုတစ်ခုပင်ဖြစ်သည်။

ကိုရှိန်တင့်ပြန်သွားပါက ပြာတာကိုခေါ်ကာ
ရန်ဂွန်း(Rangoon)သို့ ကြေးနန်းစာပေးပို့ရန်
စေခိုင်းရ​၏။ထို့နောက် စာရွက်ပုံကြား ခေါင်းမြှုပ်
မတက် မြို့အုပ်မင်းမှာ အလုပ်ရှုပ်နေပုံလည်းပေါ်ပေသည်။

ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]Opowieści tętniące życiem. Odkryj je teraz