စာမျက်နှာ-(၁၈)|Uni+Zaw|

1.1K 124 5
                                    

Unicode

၁၈|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ

မောင်ဂိုမာရီလမ်းပေါ်ရှိ အိတ်ဆဲလ်စီးယားရုံ၌ ဓာတ်ရှင်ကြည့်ပြီး၍ ထွက်လာကြသူများထဲ
ရှိန်တင့်သာမက၊ငွေမောင်နှင့်အတူပါလာခဲ့သော
ဖိုးထီကလည်း ပါဝင်နေခဲ့သည်။

ဓာတ်ရှင်နှင့်ပတ်သက်သော အကြောင်းအရာ
များကိုပင် ရှိန်တင့်က ငွေမောင်နှင့်ဆွေးနွေးပြော
ဆိုကာ ပိုမိုသောရင်းနှီးမှုကလေး ရလိုရငြား
ကြိုးစားချင်ခဲ့သော်လည်း အထမမြောက်ချေ။

"ဖိုးထီ..နောက်တစ်ခါ ရန်ဂွန်းကိုလာရင် မင့်နဲ့
ဓာတ်ရှင်ထပ်ကြည့်ဦးမယ်ကွာ။ကျုပ်နဲ့ အတွေး
တူ၊စိတ်တူလို့ အတော်ကိုပြောရဆိုရ လွှတ်ကို
ကောင်းသဗျို့"

ဖိုးထီကတော့ စကားများသော သာလိကာပေါက်စ
ဟု ငွေမောင့်ကိုပင် စိတ်၌ထင်ကြေးပေးမိ​၏။

ရှိန်တင့်ခမျာ မအီသာသောမျက်နှာကြီးအား
ရေသန့်ကို မော့သောက်ပစ်လိုက်၍ ဖြေဖျောက်
လိုက်ရသည်။သူ့ကျ အဖက်မလုပ်။သူငယ်ချင်း
ဖိုးထီကိုတော့ ငွေမောင်က ကောင်းကောင်းကြီး
အဖက်လုပ်​၏။ကပ်​၏။

"ငွေမောင်..ထမင်းဝင်စားမလား၊ကုန်တိုက်ကိုပဲ
သွားမလား"

"ဖိုးထီ..မင်းဗိုက်ဆာနေပြီလား"

"အင်း ဆာလှရောပေါ့"

"ဒါဆို ဦးရှိန်တင့်၊ကျုပ်တို့ ထမင်းအရင်စားမယ်"

ကြည့်စမ်းပါဦးဟု ရှိန်တင့်​၏နှလုံးသားက
သဝန်တိုစွာဆိုနေ​၏။ထမင်းစားဖို့အရေး သူဆာ
နေလျှင် စားမည်ဟုမတွေးဘဲ၊သူငယ်ချင်းကိုပင် လှည့်မေးလိုက်သေးသည်။

ရှိန်တင့်က စုံထောက်ပီပီ ငွေမောင့်အပေါ်ထား
သော ဖိုးထီ​၏စိတ်အား အကဲခတ်ကြည့်မိလျှင်
ရိုးသားသောအရိပ်အမြွက်များကိုတွေ့ရပါမှ
သူကအမောပြေ သက်မချလိုက်နိုင်​၏။သို့နှင့် ဆက်ရသည်ကတော့ ထမင်းဆိုင်သို့သာဖြစ်သည်။

"ဘာဟင်းနဲ့စားကြမလဲ"

"ကျုပ်က ဆိတ်သား၊ဖိုးထီကရော.."

"ကြက်သားဟင်း"

ရှိန်တင့်က ခေါင်းညိတ်လိုက်ကာ၊ဘွိုင်ကုလား
ကိုပင် ဟင်းအမယ်များမှာလိုက်တော့သည်။
များမကြာမီ ဖက်ရွက်ပေါ်သို့ ထမင်းပုံကလေး
များလာချပေးသည်။ချိုင့်ထဲမှ ပဲဟင်းကိုမွှေကာ
ယောက်ချိုဖြင့်ခပ်၍ ထမင်းပူပူပေါ်သို့ ပုံစမ်းပေး​သည်။မှာထားသောဟင်းများအပြင် သက်သက်
လွတ် အရံဟင်းအမယ်များကိုပင် လာချပေးကြ
သည်။

ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]Onde histórias criam vida. Descubra agora