စာမျက်နှာ-(၁၂)|Uni+Zaw|

1.7K 159 2
                                        

Unicode

၁၂|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ

နွေးထွေးသောနေရောင်များဖြင့် စတင်ခဲ့သော သည်ကနေ့မနက်သို့ရောက်လျှင် သန့်မောင်
ရန်ဂွန်း(Rangoon)သို့သွားရတော့မည်ဖြစ်သည်။ငွေမောင်က သူမောင်းသွားရမည့် ဖို့ဒ်မော်တော်ကားကိုပင်သန့်ရှင်းရေးလုပ်နေသည်။

သန့်မောင်မှာမူ ကြည်သာ့ကိုသာ ဂန္ဓာမြိုင်ခြံထဲ၌ ပတ်၍ရှာနေရသည်။ညဉ့်နက်မှအိပ်ပျော်ခဲ့၍
နောက်ကျခါမှသာ သန့်မောင်နိုးလာခဲ့သည်။
နိုးလျှင် ဘေးနေရာထံ၌ ကြည်သာကမရှိတော့ပေ။

"ငွေမောင်..ကျုပ်ဆရာဝန်လေးကိုတွေ့မိသေး
သလား"

"မနက်က အရီးညိုမြအိမ်မှာ မုန့်စားဖို့ဖိတ်ထား
လို့ သွားအုံးမယ်ဆိုပြီး ထွက်သွားတာပဲဆရာ။

ဟောဟော..ဟိုမှာ ပြန်လာပြီ"

ငွေမောင်ညွှန်ပြရာသို့ သန့်မောင်လှည့်ကြည့်မိ
လိုက်ပါက သန့်မောင်မှာကျောက်ရုပ်ပမာငြိမ်
သက်သွား​၏။ဆောင်းလေပြည်များ ဆော်သွေး
လာလျက် သူ့ဆီလျှောက်လှမ်းလာနေပါသော
ကြည်သာ​၏အညိုရောင်ဆံပင်ကလေးများက
​လေပြည်များကြောင့် လေလွင့်နေသည်။

ပါးပြင်ထံ သနပ်ခါးလေးတင်ထားလျက်၊
နားကြားထဲပန်ထားသည်က ခပ်ဝါဝါတောပန်း
ကလေးတစ်ပွင့်သာဖြစ်သည်။ဆံပင်အားသပ်
တင်လိုက်ကာ ရယ်ပြလျှင်..ပါးချိုင့်သေးသေး
ကလေးမှာ မထင်းတထင်းလည်းပေါ်ပေါ်လာ
တတ်​၏​။

"အို..ဘုရားဘုရား။
ကျုပ်သက်လျာ..ကျုပ်သက်လျာလေးက.."

သန့်မောင်က ရင်ကိုဖိကာ ဖွဖွရေရွတ်​တော့
သည်။သက်လျာချောမောသည်ကို သူသိပါသည်။
သို့ပေမင့် ယခုများဖြင့် ယဉ်ကာ၊နုကာ ချောမော
နေသော ကြည့်မဝ၊ရှုမဝသည့် ယောက်ျားပျိုလေး
တစ်ဦးအဖြစ်မြင်နေရသည်။

သန့်မောင်​၏ရင်ထဲ၌ ကြည်သာ့အပေါ်ထားသည့်
မေတ္တာများက လှိုက်တက်လာ​ပြန်သည်။ဘေးရှိ
ငွေမောင့်ထံမှကြားရသည်က"ယောကျာ်းပေမဲ့
လှလိုက်လေခြင်းဗျာ"ဟူသော စကားရပ်ကိုသာ
ဖြစ်​သည်။

ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]Where stories live. Discover now