Unicode
၁၄|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ
ဆောင်းလေပြည်များဆော်သွေးနေကြပါလျှင်
သန့်မောင်ဆီမှ သက်ပြင်းချသံများက တီးတိုးစွာ
ခပ်ဖွဖွထွက်လို့လာနေသည်။
ကြည်သာ့ထံ တယ်လီဖုန်းဖြင့်ဆက်သွယ်လျှင် အသံကလေးကြားရပါသော်လည်း သန့်မောင်၏အလွမ်းများက မပြေနိုင်ချေ။
ရန်ဂွန်း(Ranngoon)သို့ရောက်ပြီး သုံးရက်မျှ
ကြာလျှင် ယခုသန့်မောင်မှာ လွမ်းဖျားလွမ်းနာပင်
ဖြစ်နေသည်ကို ကြည်သာကမသိရှာသေးပေ။
သိစေရန်လည်း သန့်မောင်က ပြောပြမည်လည်း
မဟုတ်။ကြည်သာ့ထံ စိုးရိမ်ပူပန်ရခြင်းများအား သူကမည်သို့ ပေးရက်နိုင်ပါမည်နည်း။
"ဆရာ..ကျုပ်ဝင်လာမယ်နော်"
ငွေမောင်က အခန်းတံခါးသို့ခေါက်လျက်၊အသံ
ပြုကာဝင်လာ၏။ငွေမောင်၏မျက်နှာမှာ ပြုံးပြုံးကြီးဖြစ်နေလျှင် သန့်မောင်က မျက်မှောင်ကုတ်
ကာ ကြည့်နေသည်။
"ဘာပြုလို့ ပြုံးနေတာလဲငွေမောင်"
"ဒီမှာလေဆရာရဲ့၊ဆရာနေကောင်းသွားအောင်လို့
ကျုပ် ဒါလေးလာပေးတာဗျ"
"ဟမ်..ကြည်သာ့ဓာတ်ပုံ၊ဒါက ဘယ်လိုဖြစ်ပြီး.."
ငွေမောင်၏လက်ထဲရှိ အဖြူအမည်းဓာတ်ပုံကတ်
ကလေးကိုပင် သန့်မောင်အလျင်လိုစွာ ယူကြည့်မိလိုက်သည်။အနည်းငယ် ဟောင်းနွမ်းစပြုနေသော
ကြည်သာ၏ဓာတ်ပုံကလေးမှာ ယမန်နှစ်ကာလများကသာ ဖြစ်မည့်ပုံပေါ်နေသည်ကို သန့်မောင်
တို့က အရှင်းနားလည်လိုက်ကြသည်။
ဓာတ်ပုံပါရုပ်ပုံကလေးမှာ ဂန္ဓမာပန်းအဝါကလေးများအားပိုက်ထားသည့် ကြည်သာ,သာပင်ဖြစ်
၏။အဘယ်ကြောင့် အဖြူအမဲဓာတ်ပုံကိုကြည့်၍
ဂန္ဓမာအဝါဟုပင် သန့်မောင်ကဆိုနိုင်နေသည်လဲ။
အကြောင်းပြချက်မှာကား သန့်မောင်မှတ်မိနေခဲ့
ခြင်းသာဖြစ်ပေမည်။
"ငွေမောင်..ဒါ ကြည်သာ့ကို စစတွေ့ခဲ့ရတုန်းက
ပုံပဲ။ဘိလပ်မှာ ပထမဆုံးတွေ့ခဲ့ကြတာလေ။
ဒီပုံလေးရဖို့ ကျုပ်အတော်လေးကို ကြိုးစားလိုက်
ရတယ်"
ESTÁS LEYENDO
ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]
![ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]](https://img.wattpad.com/cover/292414028-64-k227990.jpg)