Unicode
၃|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ
အပတ်စဉ် စနေနေ့သို့ရောက်ပါက အနီးအနား
ရှိ ရွာများထံ အလှည့်ကျသွားကာ ကြည်သာက
လမ်းမလျှောက်နိုင်တော့သော သက်ကြီးရွယ်အိုများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေး
တတ်သည်။သည်ကနေ့ ညောင်နီရွာသို့ အလှည့်ကျ၍ဖိုးထီ
မောင်းပါသော နွားလှည်းကိုစီးကာ သွားရ၏။ပြန်လျှင်လည်း ဖိုးထီမောင်းသောနွားလှည်းကို
စီးကာ ပြန်လာရ၏။ဖိုးထီကပျင်းရိသဖွယ်၊အလွန်ပင် နှေးကန်နေ
သည့် နွားနှစ်ကောင်ထံ နကန်ဖြင့်တို့ကာ
မြည်တွန်တောက်တီးလျက်လည်းရှိပေသည်။"ဆရာလေး..သူကြီးက ထမင်းစားဖိတ်ထားသေး
တယ်မဟုတ်ကလား"ဖိုးထီက စကားဆိုမှ ကြည်သာလည်းသတိရ၏။
လက်မှ ရွှေရောင်လက်ပတ် လေးထောင့်ကျကျ
နာရီထံသို့ကြည့်လျှင် မနက်(၁၁)ချက်တီးပြီးဖြစ်
၍ အနည်းငယ်မျှပင် စွန်းနေချေပြီ။"ဖိုးထီ..ကျုပ်ကို သူကြီးအိမ်ကိုသာ တန်းပို့ပေး
လှည့်။ဟို..မြို့အုပ်မင်းရော ရှိနေမလားမသိဘူးနော်""သူကြီးက မြို့အုပ်မင်းကိုရော ဖိတ်ထားတာ
ဆိုတော့ ရှိနေမှာပေါ့ ဆရာလေးရဲ့။ဘာပြုလို့လဲ..
ဆရာလေးက မြို့အုပ်မင်းကိုကြောက်လို့လား""မကြောက်ပေါင်"
ကြည်သာက နှုတ်ခမ်းကလေးအားမဲ့ကာ
တိုတောင်းစွာဆို၏။မြို့အုပ်မင်းကို ကြောက်၍
မဟုတ်၊မြို့အုပ်မင်းကြောင့် ရင်ခုန်လာမည်ကို
သူက ကြောက်၍ဖြစ်သည်။လှည်းပေါ်၌ ညောင်နီရွာမှ ပေးလိုက်ကြသော ဘူး၊ဖရုံ၊သခွား စသည့်
ခြံထွက် အသီးအနှံများမှာ များပြားနေသည်။"ဖိုးထီ"
"ဟုတ်ကဲ့ဆရာလေး"
ကြည်သာက ဖိုးထီ၏နွားလှည်းကလေး
သူကြီးမင်း၏ မဒရတ်အိမ်ရှေ့သို့ရောက်ပါက
လှည်းပေါ်မှ မဆင်းသေးချေ။ဘူး၊ဖရုံ၊သခွား
စသည်များအား ခွဲဝေပေးရန် မှာရပေဦးမည်။
သူကြီးမင်းက စီစဉ်ပေးထား၍ စားရေးသောက်
ရေးလည်း သူက ပူပန်စရာမလိုပေ။သို့နှင့်
ဆေးသွားကုပေးတိုင်း လက်ဆောင်များပြန်ပြန်
ထည့်ပေးလိုက်ကြပါသော အရိုးခံ လူကြီးသူမ
များ၏စေတနာကိုလည်းအသိပြုစွာ၊ကောင်းမှု
ကုသိုလ်များရသွားစေရန် ချို့တဲ့သောအိမ်ထောင်
စုများထံသို့ ကြည်သာကပြန်ခွဲဝေပေးတတ်သည်။
YOU ARE READING
ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]