Unicode
၂၀|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ
နွမ်းလျညှိုးလျော်၊စေ့စေ့ကြည့်သော်
တစ်ပွင့်သောပန်း၊ပွင့်သောပန်းလည်း
ဖြစ်ကြောင်းကုန်စင်၊ကောင်းစွာသိ၏။မျက်ရည်တစ်ပေါက်၊ခညောင်းကြွေကျ
ဤသည် ပွင့်ချပ်၊မောင့်သည်းဦးပန်း
ပျိုးသောပန်းလည်း၊ကြွေကျကုန်အံ့။ဒီဇင်ဘာလ (၃၀)ရက်၊၁၉၂၉ခုနှစ်။(တနင်္လာနေ့)
မြတ်မင်းသန့်မောင်မှတ်ချက်။ ။ဂျင်းသုပ်တစ်ပွဲနှင့် ရာဇဝတ်သား
အား စောင့်ဖမ်းစဉ်၊သက်လျာကိုရည်ရွယ်၍
ရေးစပ်ခဲ့သည်။******
ဒီဇင်ဘာလ (၃၀)ရက်။
ကြောင်ခြစ်ပိန်းရွာနှင့်တကွ၊ရွာနီးချုပ်စပ်အထိ
လှိုင်လှိုင်ထနေသော သတင်းစကားတစ်ရပ်မှာ
ကား-မြို့အုပ်မင်းတို့..ကြိတ်ကြိတ်ကုတ်၍
ရာဇဝတ်သားအား ခုတ်ဖမ်းပစ်လိုက်သည်ဟူ
သော စကားရပ်သာဖြစ်သည်။"ညကဆို..မြို့အုပ်မင်းတို့က ဘာအသံမှမထွက်
ဘဲ ရာဇဝတ်သားကို ဖမ်းပစ်လိုက်တယ်တဲ့။
ရာဇဝတ်သားကလည်း မကြောက်မရွံ့ နန်းကြိုင်
စံအိမ်ကိုမှ ဖောက်ထွင်းချင်ရတယ်လို့ဗျာ""ဟ..မင်းဘာသိလို့တုန်း။အဲဒီ့နန်းကြိုင်စံအိမ်ရဲ့
အလယ်မှာ ဒေါ်ငွေကြိုင်က စိန်ထုပ်ကြီးကိုမြှုပ်
ထားတာတဲ့ကွ။ငယ်ငယ်က အဘတို့ပြောပြော
နေကျအမှုလေ..နန်းကြိုင်စံအိမ်ထဲက လူသတ်မှု
ဆိုတာ..အဲ့စိန်ထုပ်ကြောင့်ပေါ့။ဖောက်ထွင်းတဲ့အဖွဲ့ကလည်း အခြားတော့
မဟုတ်ဘူး၊ဦးစိန်ဖောရဲ့ လက်ကျန်မြင်းညို
ဂိုဏ်းသားတွေနဲ့သူ့မယားတဲ့ကွ။အဲ..ဒေါ်စန်းမာ
က ဒေါ်ငွေကြိုင်ရဲ့မိထွေးကနေ ပါလာတဲ့သမီး
တဲ့။သူ့အစ်ကို အောင်ကျော်သေတာလည်း အဲ့တာ..သူသတ်တာပဲတဲ့။ဒေါ်စန်းမာက အဲ့တုန်းက အသက်တောင် တစ်ဆယ့်ရှစ်နှစ်မပြည့်သေးဘူး
တဲ့လေ။ဓားမြနဲ့ညားပြီး ကျုပ်တို့ရွာကို ဂျွန်းပြန် အောင်မွှေသွားတဲ့ ဗိုင်းတာမ"ရွာသားတစ်ဦးက စကားနောက် အားပင်ပါလာ
၍ ဆဲရေးတိုင်းထွာမိတော့၏။ယခုမြို့အုပ်မင်း
ရောက်မလာခင်၊ယခင် မြို့အုပ်မင်း၏လက်ထက်
အထိ ကြောင်ခြစ်ပိန်းရွာနှင့်ဘေးချင်းကပ်ရွာများ
မှာ မအေးချမ်းပေ။သူခိုး၊ဓားပြရန်ကိုပင် အများအပြားကြုံဆုံခဲ့ကြရသည်။
ВЫ ЧИТАЕТЕ
ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]