စာမျက်နှာ-(၉)|Uni+Zaw|

2K 178 7
                                        

Unicode

|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ

(၁၅.၁၂.၁၉၂၉)-တနင်္ဂနွေနေ့။
မြန်မာသက္ကရာဇ်-၁၂၉၁ခုနှစ်၊နတ်တော်လပြည့် ၁၅ရက်။

ကြောင်ခြစ်ပိန်းရွာ။

~~~~~~

"ကိုသန့်မောင်..ဟိုဘက်တိုးပြီး ချိုးစမ်းပါဗျာ"

"မချိုးနိုင်ပေါင်ဗျာ။အေးရအေးနဲ့..ကိုသန့်မောင်
တို့ ကျောချင်းကပ်ပြီးတောင် ရေချိုးသင့်တာ
ကြည်သာရယ်"

​ကြည်သာတကယ်ပင် ထိုမြို့အုပ်မင်းကိုမနိုင်
တော့ချေ။ယခုညနေ ကြည်သာကမွေးလူနာအိမ်
မှပြန်လာပြီးနောက် ရေချိုးလျှင် သန့်မောင်ကပါ
အတူဝင်ချိုးလာ​၏။ဖိုးထီမှာ ဘကြီး​၏အသုဘ
မပြီးသေး၍ ပြန်မလာဖြစ်သေးသည်ဟု
သန့်မောင်ကပြောပြလျက် ကြည်သာ့ဆီ၌သာ နေနေပေတော့သည်။

"ကိုသန့်မောင် လေဖြတ်နေမယ်၊မြန်မြန်ချိုး"

"ဟိုတစ်ခါကလို..ကိုသန့်မောင်ဖျားသွားမှာကို
ကြည်သာစိတ်ပူနေတာမဟုတ်ကဲ့လား"

"စိတ်ပူတာမဟုတ်ပေါင်၊ခင်ဗျားဖျားရင်
ကျုပ်ပဲဆေးကုပေးရမှာလေ"

"နို့ဖြင့်..ကိုသန့်မောင်အအေးမိပြီးထပ်ဖျားရင်
ကြည်သာရဲ့ ဟောဒီ့က ရင်ခွင်ကြီးထဲ ဆွဲသွင်း
ထားပေါ့၊ဟုတ်ကဲ့လားခင်ဗျာ"

"အို..ခင်ဗျား တော်တော်မျက်နှာရူးပါလား
ကိုသန့်မောင်ရယ်"

​ယောပုဆိုးတစ်ထည်သာခန္ဓာ၌ရှိလျက် အပေါ်
ပိုင်းများက အဝတ်မပါသည့်ဗလာပင်ဖြစ်ကြ
သည်။သို့ဆိုလျှင် ကြည်သာမရှက်ပေ။
သန့်မောင်လည်းမရှက်ပေ။

သန်မာသော ယောကျာ်းသားများဖြစ်ခြင်းငှာ ကြည်သာ့ထံ ညိုဖျော့သောမျက်လုံး၊ဖြူသော အသားအရည်ရှိသည်ကသာ ပို​၏။

ဆောင်းလေပြည်မှာသွေးလာလျှင် သန့်မောင်
မှာချမ်းကာ ရေဆက်မချိုးနိုင်တော့ချေ။
စဉ့်အိုးနား​၏ ခပ်လှမ်းလှမ်းရှိ ကြိုးတန်းပေါ်မှ
ပုဆိုးတစ် ထည်အားဆွဲယူလိုက်၍ လဲဝတ်ပြီး
လျှင် အိမ်ပေါ်သို့သာအပြေးတက်သွား​သည်။

ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]Donde viven las historias. Descúbrelo ahora