စာမျက်နှာ-(၄)|Uni+Zaw|

2K 219 18
                                    

Unicode

|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ

လယ်ကိစ္စအငြင်းပွားကြမှုအား သည်ကနေ့
မြို့အုပ်မင်းက ရှင်းပေးလိုက်ရသည်။
အချင်းများမှုနှစ်မှုအား ဆင့်ကာဖြေရှင်းလိုက်ရသေးသည်။

သည့်အပြင် လင်နှင့်မယား မတည့်ကြ၍
ရွဲ့စောင်းသည့်ကိစ္စကိုပင် မြို့အုပ်မင်း​၏ရုံးသို့
သယ်လာကြပေသေးတော့ သန့်မောင်က
တရားပြကာ လွှတ်ထည့်ပေးလိုက်သည်။

ထို့နောက်-'မောင်ရယ်..သက်ကပဲ မှားပါတယ်'
'သက်ရယ်..မောင်ပဲမှားပါတယ်'ဟူ၍ သင့်မြတ်
သွားတော့ပြန်သည်က အခါခါရယ်သာ။

သန့်မောင်ခမျာ စိတ်များက မသာယာ၊လူမှာ
လည်း မအီမသာဖြစ်ကာ နေ့လယ်၌ပင် ထမင်းမစားနိုင်ခဲ့ချေ။အဘယ်ကြောင့်ဆိုလျှင် ကြည်သာက ရှောင်နေပါသည်။ရှောင်နေသည်မှာ နှစ်ရက်မျှ
ရှိလို့နေပြီ။

"ဆရာဆရာ..ဒီမှာ ချိုကိုလိပ်တွေပါလာတယ်ဗျ"

ငွေမောင်​၏ အစားပါသော စကားသံကိုကြား
လျှင် သန့်မောင်က မရွှင်ပျစွာ ကြည့်လို့လာ​သည်။
ချောကလက်ပါဟု ပြောပြလျှင်လည်း တစ်လုံး
သာပေါင်းပြတတ်သော ထိုစကားလုံးအား
'c h o-c o-l a t e'ဆိုကာ စာလုံးပေါင်းပြလျက်
ချိုကိုလိပ်ပါဟု သူက ဆရာလုပ်ပေဦးမည်။သည်တော့ သန့်မောင်မှာ လက်လျှော့ထားရပေ
သည်။

"ဆရာ မစားဘူးလား..ဒါ ဆရာဝန်လေးပေးလိုက် တာဗျ"

"ဘာပြောတယ်ငွေမောင်..ပြန်ပြောစမ်းပါလေ"

"ဆရာဝန်လေးပေးလိုက်တာလေ..ဘာပြုလို့လဲ
ဆရာ"

"မင်းကိုပဲပေးလိုက်တာလား"

"ဟုတ်တယ်ဗျ..ကျုပ်က မစားဖူးဘူးလို့ပြောတော့ ဆရာဝန်လေးကပေးလိုက်တာ၊ဆရာ့အတွက်
ကျုပ်တစ်ဝက်ခွဲပေးမယ်လေ"

ငွေမောင်က တဟဲဟဲရယ်တော့ သွားများက
ထိုချောကလက်အားစားထား၍ ညိုမဲမဲကြီးများ
ဖြစ်လို့နေသည်။

သန့်မောင်​၏မျက်နှာခန့်ခန့်ကြီးမှာ အလိုမကျမှု
များက စုလာပေတော့သည်။ထို့နောက် အလျင်
ထရပ်ကာ၊ခြေလှမ်းများက အပြင်ဘက်သို့
ဦးတည်နေ၏။

ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]Onde histórias criam vida. Descubra agora