ဇာတ်သိမ်းပိုင်း|Uni+Zaw|

4K 204 4
                                    

Unicode

၂၂|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ

ပူနွေးသော နွေလေညင်းများက ညနေချမ်း၌
ချမ်းစိမ့်မှုကိုပင် ဆောင်ကြဉ်းနေကြသည်။
နေဝင်ချိန်သို့ ရောက်လုပြုနေသောအချိန်..
လိမ္မော်ရင့်ရင့်၊အနီရောသော နေလုံးမှာကား
မန်ပိန်းချောင်းထံ တစ်စတစ်စနစ်မြုပ်တော့
မယောင်ပင် ဖြစ်လို့လာခဲ့သည်။

မန်ပိန်းချောင်းထံ ထင်ဟပ်နေခဲ့သော နေဝင်
လုဆဲဆဲအလှကိုပင် ကြေးမုံတစ်ချပ်ကဲ့သို့ ပြတ်သားကြည်လင်စွာ မမြင်နိုင်ပါသော်လည်း၊လုပ်လီလုပ်လဲ့ ရေပြင်ထံမှာတော့ သဘာဝတရား​၏ပန်းချီရေးဆွဲခြင်းများကိုပင် အထောက်အကူ
ပြုလို့နေ​သည်။

​ပုစွန်ဆီရောင်သွေးနေခဲ့သော ကောင်းကင်ပြာ၊
အမှိုင်းရောင်ဆန်နေသော တိမ်များကပင် နေဝင်
ချိန်​၏အလှတရားအား တက်ညီလက်ညီပံ့ပိုးနေ
ကြတော့ပြီ။နေလုံးသည်ကား ဖြည်းညင်းစွာပြုတ် ကျနေသကဲ့သို့၊မန်ပိန်းချောင်းထဲ ရွေ့လျောနေ
တော့​၏။

တသုန်သုန်တိုးဝှေ့လာသော နွေလေညင်းများ
က ပူနွေးခြင်းမရှိစွာ အေးချမ်း​၏။ညိုဖျော့သော မျက်ဝန်းတစ်စုံနှင့်အကြည့်များစုံနေသည်က မျက်လုံးအရောင်နက်သော မျက်ဝန်းနက်နက်တစ်စုံ။

မောင့်နှုတ်ခမ်းညိုကလေးမှာကား ပြုံး​၏။
မောင့်ဆီမှာကား ပါးချိုင့်ခွက်ခွက်ကြီးရှိ​၏။
မောင့်နှလုံးသားမှာကား ချစ်ခြင်းတရားလည်းရှိ​၏။

"ကျုပ်..ခင်ဗျားကို ပြန်ရှာတွေ့ပြီးခဲ့တဲ့နေ့ရက်
တွေမှာ..ပျော်ရွှင်ခြင်းတွေက တစ်ကြော့ပြန်
အသက်ဝင်လာတယ်။

နွေးနွေးထွေးထွေး..ပြန်လည်ထွေးပိုက်ပေးတဲ့
မောင့်ကို ကျေးဇူးတင်ပါတယ်၊ကျေးဇူးတင်ပါ
တယ် ကိုသန့်မောင်"

"အချိန်တွေက ပြောင်းလဲသွားရင်တောင်၊
မောင်နဲ့ကြည်သာရဲ့ ချစ်ခြင်းမေတ္တာဟာ
ပြောင်းလဲမှာမဟုတ်ကြောင်း..မောင်ယုံကြည်
တယ် ကြည်သာ"

သန့်မောင်က မြတ်နိုးစွာဖွင့်ဟဆို​၏။အကြည့်
များက နက်နဲနစ်ဝင်စွာ ရွှန်းရွှန်းစားစားဖြစ်​၏။တွန်းတိုက်တိုးဝှေ့လာသော လေပြည်နုများထံ ကြည်သာ​၏ဆံပင်ညိုကလေးသည်ကား လွင့်လူးနေချေတော့သည်။ထိတွေ့ခြင်းလက်ချောင်း
ကလေးများက ခပ်မြဲမြဲကိုင်တွယ်ခြင်းဆီသို့
ကူးပြောင်းနေခဲ့ပါလျှင် ချိတ်ဆက်ခြင်းမှာ
မေတ္တာများပင်ဖြစ်ကြသည်။

🎉 You've finished reading ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed] 🎉
ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]Where stories live. Discover now