Unicode
၈|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ
..
(ပန်းသလားမေပျို နန်းရွှေကိုယ်..
လမ်းရှေ့ဟိုတခိုဝယ်..
ချောက်ကမ်းပါး တောင်စွယ် မောင်မယ်
မမြင်ဘူးနှယ်)၂
တောအလယ် မောတယ် အပြောကြွယ်တဲ့မယား..
တောအလယ် မောတယ် အပြောကြွယ်တဲ့မယား..
သနားစဖွယ် အားငယ်တဲ့အမူအရာ
ရုပ်သွေးရူပကာ ထထိုင်မှိုင်ငေးရတယ်
တောင်ကြွေဝယ် ဇောကြွေဖွယ် အမောဖြေမယ်
တူစုံမောင်နဲ့မယ်..
..
သန့်မောင်က ဇာတ်မင်းသားကြီး ဦးစိန်ကတုံး၏
ပန်းသလားမေပျိုသီချင်းအား ကြည်သောအသံ၊
သာသောအသံ၊ဩရှသောအသံဖြင့် ဆိုလျက်ရှိပေ၏။
သည်ကနေ့မနက် သန့်မောင်ဟာ အူမြူးနေသူဖြစ် သည်။ကြည်သာ၏အိမ်၌ ထမင်းကြမ်းခဲများ
ကျန်နေလျှင် မနက်စောစောထဝယ်ထားရသော
စားတော်ပဲပြုတ်ဖြင့် ထမင်းကြော်မည်ဖြစ်သည်။
သီချင်းညည်းကာ သန့်မောင်က မီးဖိုခန်းထဲသို့
ဝင်ပါလျှင် မကြာမီ ဂလုံဂလွမ်အသံများကိုပင်
ကြည်သာ စတင်၍ကြားရတော့သည်။
"ကိုသန့်မောင်..ဖြစ်ပါ့မလားဗျာ။
နို့..ကျုပ်မီးဖိုခန်းလည်း ပြာကျနေပါအုံးမယ်"
"ဪ ကြည်သာရယ်..ဒီမောင့်ကိုယုံလိုက်စမ်းပါ"
"မယုံလို့မဟုတ်ဘူးကိုသန့်မောင်..စိုးရိမ်လို့
ကျုပ်ပြောနေရတာ"
"စိုးရိမ်တဲ့စကားအစား၊မောင့်ကိုချစ်ပါတယ်လို့
သာ တဲ့တိုးကြီးပြောချပစ်လိုက်ပါတော့လားကွယ်"
"တော်ပါ..မြို့အုပ်မင်းကြီးရယ်"
"ဒီလူကြီးက မေတ္တာပန်းတွေကို အခိုင်လိုက်ပျိုး
ထားပါရဲ့..ကြည်သာ ယူအုံးမလားကွယ်"
"အိုဗျာ.."
မနက်စောစော မေတ္တာပန်းများ ပေးချင်နေပါ
သော သန့်မောင်ကိုပင် ကြည်သာ,မနိုင်ချေ။
အမှန်မှာ မြို့အုပ်မင်းဟာ သူ့ထက်ပင် ငယ်ရွယ်
သူဖြစ်သည်။သို့ပေသော်ငြားလည်း သန့်မောင်က ရင့်ကျက်တည်ငြိမ်သော မြို့အုပ်မင်းဖြစ်လျက်၊လာဘ်စားမှုကင်းသော မြို့အုပ်မင်းလည်းဖြစ်ပေသည်။အလုပ်လုပ်ရာ၌ တိကျပြတ်သားလျက်၊တိတ်တဆိတ်ဖြင့် အကွက်ကျကျ လုပ်ဆောင်
တတ်သည်။
ВЫ ЧИТАЕТЕ
ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]
![ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]](https://img.wattpad.com/cover/292414028-64-k227990.jpg)