စာမျက်နှာ-(၂)|Uni+Zaw|

3.6K 322 34
                                    

Unicode

|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ

အချိန်မှာကား နံနက်ဆယ်ချက်တီးဖြစ်၏။
မြို့အုပ်မင်းမှာ ယမန်နေ့များက မြို့သို့သွားရ၍ သည်ကနေ့မှ ရုံးတက်ရသည်။သူကြီးမင်းကပင် အခွန်တော်ငွေစာရင်းများနှင့်အလုပ်ရှုပ်နေရမည်
ကို မြို့အုပ်မင်းဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ​
ရောက်ချလာခဲ့တော့သည်။

"ဆိုပါအုံးလေ..သူကြီးက ကျုပ်ဆီရေးကြီးသုတ် ပျာရောက်လာရတာ ဒီနယ်ဝန်းကျင်မှာ အချင်း
များဖြစ်ကြလို့လား"

"ဒီလိုပါဘုရား.."

သူကြီးမင်းက စကားပလ္လင်ခံကာ ဘုရားဟုထူး
လာလျက် မြို့အုပ်မင်း၏မျက်နှာ၌ မနှစ်ခြိုက်
ဟန်များက ပေါ်လာ၏။တည်သော၊တင်းသော
မြို့အုပ်မင်း၏ မျက်နှာခန့်ခန့်ချောချောအား
သူကြီးမင်းကတွေ့​ချေတော့ လွှတ်ခနဲ သူပြောမိ
လိုက်သည်ကိုလည်းသိချေတော့ပြီ။

သက်ကြီးရွယ်အိုများက ဘုရား၊ဘုရားနှင့်ထူးပါ ပြောပါက မြို့အုပ်မင်းက စိတ်ဆိုးတတ်သေးသည်။

"သူကြီး..ကျုပ်ပြောထားတာကို ခဏခဏမေ့
တတ်ပါကလား"

"ခွင့်လွှတ်ပါဘုရား..အဲလေ..မြို့အုပ်မင်းရယ်၊
ကျုပ်လည်း မြို့အုပ်မင်းအရှေ့က မြို့အုပ်မင်း
ဦးစိန်မောင်ကိုလည်း ဒီလိုပဲထူးခဲ့လို့၊ပါးစပ်မှာစွဲ​နေတာပါဘုရား အဲလေ..အဲလေ.."

ထိန်းပါလျက်နှင့်၊သတိပေးပါလျက်နှင့် ပြောရင်း
ဆိုရင်း ဘုရားဟုဆိုမိပြန်သည်။သူကြီးမင်း၏ မျက်နှာကြီးက ငိုချင်ချင်ဆိုသလိုပင် ဖြစ်၍လာ​
ချေတော့ မြို့အုပ်မင်းမှာ သူ​၏မျက်နှာထား
တည်တည်အား လျှော့ချကာ ရယ်ရပေတော့သည်။

"ထားပါတော့..ကျုပ် သူကြီးကို အပြစ်မဆိုပါဘူး။နို့..လာရင်းကိုသာ ဆက်ပါအုံးလေ"

ထိုမှ သူကြီးက ဆေးတံကိုတစ်ချက်မျှ သောက်ရှူလျက် လာရင်းကိစ္စရပ်အား ဆက်ရတော့သည်။

"မြို့အုပ်မင်းရောက်လာကတည်းက ခိုးမှု၊
ဓားပြမှုတွေ မရှိသလောက် ပပျောက်သွားတာ
လည်း ကျုပ်တို့သိပါရဲ့၊လူမိုက်ကြီးတွေလည်း လိမ္မာကုန်ကြတာ မြို့အုပ်မင်းရဲ့ သညာပေးမှု
ကြောင့်ဆိုတာလည်း ကျုပ်တို့သိပါရဲ့။

ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]Donde viven las historias. Descúbrelo ahora