Unicode
၁၀|.ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ
ယနေ့မနက်မှာကား ကြည်သာ၏မျက်နှာပြင်
ပေါ်သို့ နေရောင်များကကျရောက်နေသည်။
ပူနွေးလှသော နေ၏အပူရှိန်ဒဏ်ဖြင့် ကြည်သာ့
ခမျာလည်း နိုးလာခဲ့ရတော့သည်။
ကုတင်၏ဘေးရှိ ကဲလားတစ်ချပ်မှာ ဖွင့်ထား
ခြင်းခံနေရလျှင် ဤသည်မှာ သန့်မောင်၏
လက်ချက်ပင်ဖြစ်သည်။
မီးသဖွယ် လိမ္မော်ရင့်ရောင်တောက်နေသော
နေလုံးကိုပင် မော့မကြည့်နိုင်ပါက နေမြင့်ချိန်
ပင်လောဟု ကြည်သာကတွေးမိနေသည်။
"ဒီတော့ အေးမာတို့ဘယ်လိုစီစဉ်ထားကြသလဲ"
"အဘရဲ့အမှုကိစ္စပြီးသွားရင်တော့ အေးမာတို့
သားအမိနှစ်ယောက် ရန်ဂွန်းမှာပဲအခြေချပြီး၊
အေးမာကတော့ ပုဇွန်တောင်မှာရှိတဲ့ မီးခြစ်စက်ရုံ
မှာပဲ ဝင်လုပ်မယ်လို့စိတ်ကူးရပါတယ်"
"ဒီတော့ ငါ့နှမတို့မှာအသိမိတ်ဆွေတွေများရှိ
သလား"
"အေးမာတို့ရဲ့ ဆွေမျိုးတွေတော့ရှိပါတယ်
မြို့အုပ်မင်း"
"အင်းလေ ဘယ်တတ်နိုင်မလဲကွယ်၊ကျုပ်ဆီက အကူညီလိုတာများရှိရင်ပြောပေါ့"
အိမ်ရှေ့ခန်းဘက်မှ သန့်မောင်၏ကြည်သော
အသံများကိုပင်ကြားနေရသည်။အေးမာတို့
လည်း သူကြီးဦးစိန်ဖော ညကအဖမ်းခံလိုက်ရ
သည်နှင့်၊မြင်းညိုဓားပြဂိုဏ်း၏ခေါင်းဆောင်
မှာ သူ(မ)၏အဖပင်ဖြစ်သည်ဟု အလုံးစုံသိခဲ့ရ
ပြီးပင်ဖြစ်မည်။
ဆိုရလျှင် နုနယ်သောထိုမိန်းမကလေးကိုသာ ကြည်သာသနားမိသည်။သူကြီးသမီးဆိုသည့် ဂုဏ်ပုဒ်နှင့် ယဉ်အေးလှသော အေးမာလေးခမျာ
မှာ အဖ၏မိုက်မဲကြောင့် ရွာ၌မည်သို့မျှ မျက်နှာပြ
ရပေမည်နည်း။
သူကြီးကတော်ကိုတော့ ထားပေရော့။
သည်လင်နှင့်မယားမှာ သူတို့အကြောင်း သူတို့
သာအသိဖြစ်ကြပေမည်။သူကြီးနှင့်သူကြီးကတော်မှာ မြို့အုပ်မင်းအား အဘယ်ကြောင့် သူတို့၏သားသမက်ပင်ဖြစ်စေချင်နေရသလဲဟု ယခုတွေးပါလျှင် ကြည်သာကအဖြေကိုသိစွာ သက်မ
ချမိလိုက်၏။
ВЫ ЧИТАЕТЕ
ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]
![ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ( ခေါက်ရိုးကျိုးဆဲ..စာမျက်နှာ)[Completed]](https://img.wattpad.com/cover/292414028-64-k227990.jpg)