Ep - 12 [U]

347 38 1
                                    

အခန်း (၁၂)

ဆိုင်က ပြန်ထွက်လာတော့ ခေါင်းငိုက်စိုက်ချကာ မျက်ရည်စက်နဲ့ ဖြစ်နေသည်။ အကြောင်းက နေနိုင်းကြောင့်ပင်။ အလှပြင်ဆိုင်ကို ခေါ်သွားပြီး ယောလ်ငယ်ရဲ့ ဆံနွယ်အုပ်အုပ်လေးကို ရှင်းပစ်ခဲ့၍ ဖြစ်သည်။ အခုဆို ဆံသားတို့ ကွယ်ဝှယ်ထားခြင်း ခံရသော နဖူးပြေပြေလေးက ပေါ်လွင်သွားပြီ ဖြစ်သည်။ သုံးချိုး၊ နှစ်ချိုး ခွဲထားသော ဆံခွဲကြောင်းနဲ့အတူ မျက်နှာလေးရဲ့ ကြည်စင်မှုက ပို၍ ထင်းရှားနေလျက်။

" ခေါင်းကို ငုံ့ချမထားနဲ့လေ။ ယောကျာ်းလေး ဖြစ်ပြီး လမ်းမှာ ငိုနေတာ မရှက်ဘူးလား "

နေနိုင်း ထပ်၍ ဆွပေးလိုက်သည်။ ဆိုင်ထဲမှာ တတိတိနဲ့ အညှပ်ခံရတုန်းကတော့ ငြိမ်ကုပ်နေပြီးမှ အပြင်ရောက်ရောက်ချင်း ပုလဲကြွေတော့သည်။ လူရှေ့ သူရှေ့မှာ ဝမ်းနည်းစိတ်ကို ချုပ်တည်း ထားတတ်သည့် ဒီကောင်လေးက သိပ်ပြီးလည်း အရှက်သည်း၏။

" ငါ့ဆံပင်တွေ ပြန်လျော်ပေး ! "

ခြေအစုံကို အတိ ရပ်ပစ်ရင်း မော့ကြည့်ပြီး ပြောလာပုံက ချစ်စဖွယ်။ နေနိုင်း ခပ်ဖွဖွ ပြုံးမိလိုက်သည်။ ကလေးဆန်ဆန် ဂျစ်တိုက်မှုလေးက ယောလ်ငယ်နဲ့မို့ လိုက်ဖက် ညီနေသလား မသိပါ။

" အကြွေး မှတ်ထား။ ငါ ဘုန်းကြီး ဝတ်တဲ့အခါ ပြန်ပေးမယ် "

" နောက်တစ်ခါ မင်းနဲ့ ဘယ်မှ မလိုက်ဘူး "

ခြေမဆောင့်လည်း အလှမ်းကျဲကျဲတွေနဲ့ ရှေ့ဆက် လျှောက်သည်။ ရိုးရိုးအေးအေး ကောင်လေးမို့ စနောက်လို့ ကောင်းသည်။

အိမ်အပြန် လိုက်ပို့သည့် လမ်းတစ်လျှောက်လုံး သူ့ကို စကားမပြော။ နားထဲ နားကြပ်ထည့်ပြီး လက်ပိုက်ကာ မျက်တောင်ဖျားတွေ ကန့်လန့်ကာ ချထား၏။

" ယောလ် .. ထ ။ ထဦး "

လက်မောင်းကို နှစ်ချက်လောက် ရိုက်ပုတ်ပြီး နှိုးလိုက်၏။ နားကြပ်ကို ဖြုတ်ရင်း သူ့ကိဲု့ငဲ့ကြည့်လာသည်။ မျက်ဝန်းဗေဒ သဘောအရ ဘာဖြစ်ရပြန်ပြီလဲ ဆိုသည့် အကြည့်မျိုး သက်ရောက်သည်။

" ကားပျက်သွားပြီ "

" ဆင်းပြင်လေ "

" ငါမှ မပြင်တတ်ဘဲ "

ကိုးWhere stories live. Discover now