Ep - 2 [U]

940 74 2
                                    

အခန်း (၂)

" သားငယ် ပြန်လာပြီလား "

" ဟုတ် တီမေ။ ကိုးရော "

" အခန်းထဲမှာ ရှိပါရဲ့။ ရန်ဖြစ်လာပြီး အခန်း အောင်းနေတာ။ အိပ်နေတာလား၊ စာပဲ ရေးနေလားတော့ မသိဘူး။ ထမင်းတောင် ဆင်းမစားဘူး သားရေ "

ကျောင်းက ပြန်လာသည့် သူ့ကို တီမေက မြင်မြင်ချင်း နှုတ်ဆက်လာ၏။ ဘေးနား ရောက်လာရင်း ကိုးရဲ့ အကြောင်းတွေကိုပါ တိုင်သည်။ ကိုးကို မနိုင်တာချင်းအတူတူ ဆိုပေမဲ့ တီမေက ထိုကဲ့သို့ ရင်ဖွင့်လာတတ်မြဲ။

" ရေချိုးပြီး ဆင်းလာခဲ့။ တီမေ သားအကြိုက် ဟင်းချက်ထားတယ်။ ခေတ်ကိုလည်း ခေါ်လာခဲ့။ ရန်ဖြစ်လိုက်၊ ဆေးလိပ်တွေ သောက်လိုက်နဲ့ ဒီကြားထဲ ညဘက်တွေလည်း မအိပ်ဘူး ထင်တယ်။ ထမင်းလည်း ကောင်းကောင်း မစားဘူး "

တစ်ကိုယ်တည်း ရေရွတ်သလိုလေး ပြောပြီးနောက် တီမေက မီးဖိုချောင် အခန်းထဲ ပြန်လျှောက်သွားသည်။ တစ်ဦးတည်းသော သွေးသားတော်စပ်သူမို့ ကိုးအပေါ် တီမေက လွန်ကဲစွာ ချစ်ပေးသည်။ ထိန်းမနိုင်လို့ လွှတ်ထားရပေမဲ့ စိတ်ကုန် စိတ်ပျက်ခြင်း မရှိခဲ့။ လေသံနဲ့တောင် မာမာထန်ထန် မပြောရက်သည့် တီမေက သံယောဇဉ် ကြီးသူလည်း ဖြစ်သည်။

တီမေ ပြောသလို ကိုး အအိပ်အစား မမှန်တာကို သူလည်း သတိထားမိသည်။ ဒါ့အပြင် စာပါ ပိနေ၍ စိတ်ဖိစီးမှုနဲ့ ပေါင်းပြီး ပိန်ကျသွားသည့် ကိုးကို သူလည်း စိတ်ပူသည်။ သို့ပေမဲ့ ကိုးကို ဆရာလုပ်ဖို့အထိတော့ မဝံ့ရဲပါ။ သူ့ထက် အစစအရာရာ ပိုသာနေသည့် ကိုးကို ဘယ်လို သတ္တိခွန်အားမျိုးနဲ့ ဟန့်တားရဲပါ့မလဲ။ အထူးသဖြင့် ကိုးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ ယောလ်ငယ် ဝင်မပါချင်။ ညီအစ်ကိုလို နေကြလည်း သွေးသားရင်းမှ မဟုတ်ဘဲ။ ပြီးတော့ ကိုးရဲ့ ကျေးဇူးတရားတွေက သူ့အပေါ် အမြဲတမ်း စည်းခြားထားသည်။ ကိုးမှာ ရှိနေသည့် အရှိန်အဝါက ဘာကိုမှ မပြောရဲ မဆိုရဲအောင် တားဆီးထားသလိုမျိုး။

သူဌေးနဲ့ လခစား ဝန်ထမ်းလို၊ ကျေးဇူးရှင်နဲ့ ကျေးဇူးစားလို၊ အလုပ်ရှင်နဲ့ အလုပ်သမားကဲ့သို့ ...။

ကိုးWhere stories live. Discover now