အပိုင်း < 1 >

2K 56 3
                                    

# ZG

" ဒေါ်လေးရေ...ဒေါ်လေး ကိုရှမ်းလေး ရန်ဖြစ်လို့ "

"သားရှမ်းလေး ဘာဖြစ်သွားသေးလဲ ဒေါ်လေးကို ပြောပါဦး ဘုရား...ဘုရား "

ဒေါ်စန္ဒာတစ်ယောက် သားငယ် နွေးထွေးမောင် ရန်ဖြစ်တဲ့သတင်းကြားတိုင်း ရင်တုန်ပန်းတုန်ဖြစ်ပြီး ဘုရားတ ဆုတောင်းနေရမြဲ။ စိတ်ဆတ်တဲ့ နွေးထွေးမောင်က ရောက်လေရာ အရပ်တိုင်း ပြသာနာမတတ်ဖူးတဲ့ နေရာမရှိသလောက်ပင်။ တစ်ဦးတည်းသော သားဖြစ်တာကြောင့် ထိုသားတစ်ယောက်တည်းနဲ့ပင် ဒေါ်စန္ဒာ အမြဲသွေးတိုးရ၏။

" ကျွန်တော်တို့နားက ဘိလပ်ခုံမှာဖြစ်တာ ကိုရှမ်းလေးကတော့ ဘာမှမဖြစ်ဘူး ဒါပေမယ့် တစ်ဖက်က ကောင်လေးကို ဘီယာပုလင်းနဲ့ ကောက်ရိုက်လိုက်တယ်...အဲ့တာနဲ့ ဘိလပ်ခုံပိုင်ရှင်က သူ့ဆိုင်ပျက်စီးမှာ ဆိုးတာနဲ့ ရဲစခန်းတိုင်လိုက်တယ်လေ အခု ကိုရှမ်းလေးကို ဖမ်းသွားတယ်..."

ဘီလပ်ထိုးခုံ အရှေ့မှာ ဖွင့်တဲ့ ဘီယာဆိုင်မှာ အလုပ်လုပ်တဲ့ မောင်အေးနောင် ဆိုတဲ့ ကောင်လေးက အပြေးအလွှား နွေးထွေးမောင်အမေရှိတဲ့ဆီ လာပြေးပြောခြင်းဖြစ်၏။

တစ်ရပ်ကွက်တည်းမှာရှိနေတဲ့ စန္ဒာ လို့ဆိုင်းဘုတ်ချိတ်ထားတဲ့ အသားဟင်းမျိုးစုံအပြင် မြန်မာဟင်းမျိုးစုံရရှိတဲ့ ခမ်းခမ်းနားနား မြန်မာထမင်းဆိုင်ကြီးဟာ နွေးထွေးမောင်ရဲ့ မိခင် ဒေါ်စန္ဒာ ပိုင်ဆိုင်သော ဆိုင်ဖြစ်၏။ ဒေါ်စန္ဒာရဲ့ ခင်ပွန်း ဦးခင်မောင်ဟာ နွေးထွေးမောင်လေး အသက် ၅ နှစ်ကတည်းက ဆုံးပါးသွားသောကြောင့် သူ့တို့သားအမိနှစ်ဦးမှာ အမေတစ်ခုသားတစ်ခု အဖြစ်ရပ်တည်ခဲ့ရသည်။ အစုဆောင်းကောင်းတဲ့ မိဘနှစ်ပါးဖြစ်တာကြောင့် အချမ်းသာကြီးမဟုတ်တောင် နွေးထွေးမောင်မှာ လိုလေသေးမရှိအောင် ပြည့်ပြည့်စုံစုံနေခဲ့ရပြီး အလိုလိုက်ခံရသောကြောင့် အဆိုးလေးတစ်ယောက်ဖြစ်နေရှာ၏။

" အမလေး...ဒီပြသာနာကောင်လေး သေမှကို အေးမှာ ဒင်းက မအေကို မသေသေအောင် သတ်နေတာ..."

ဘုရားဖူးကာလဖြစ်တာကြောင့် ထမင်းဆိုင်မှာ ဘုရားဖူးဧည့်တွေကျနေတဲ့အချိန်ဖြစ်၏။ အလုပ်သမားကောင်မလေးတွေ အများကြီးရှိပေမယ့် လက်မလည်နိုင်အောင် ရောင်းကောင်းပြီး အလွန်အလုပ်ရှုပ်နေတဲ့ ကာလလည်းဖြစ်တာကြောင့် ဆိုင်မှာ ဒေါ်စန္ဒာက မရှိရင်လည်းမဖြစ်။

မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေးWhere stories live. Discover now