အပိုင်း < 12 >

459 24 6
                                    

#ZG

"မင်း ဒေါ်လေးကို ဘာသွားပြောလိုက်တာလဲ ပပဟန်နီ..."

ပပဟန်နီ မျက်နှာငယ်လေးနဲ့သာ ရပ်ပြီး ဘုန်းမြတ်ကို ဆူတာ နားထောင်နေရ၏။
ဘုန်းမြတ်ကို အစက ဒေါသတကြီး အော်ပစ်မိပေမယ့် သက်ပြင်းသာချ၍ လေပြင်းတစ်ချက်ပါ မှုတ်ထုတ်ပြီး စိတ်ကိုထိန်းလိုက်သည်။
အကယ်၍ သူစိတ်ဆိုး၍ ဒေါသတကြီး ကြမ်းလိုက်မယ်ဆိုရင်လည်း ရှေ့က ကြောင်မလေးက မှုမှာမဟုတ်ပါ။
ဒီလိုမွှေလွန်းလို့လည်း မိန်းကလေးတန်မဲ့ ရုံးရောက် ဂတ်ရောက်နဲ့၊ နောက်က မိဘက အမြဲလိုက်ပြီးဖြေရှင်းပေးရသည်။
အခုကိစ္စမှာလည်း ဘုန်းမြတ်ကို ပစားပေးလို့ ဖြစ်ရတာကြောင့် မိမိအမှားလည်းပါသည်လို့သာ မှတ်ရတော့မည်။

"ကိုကိုဆီကဖုန်းရတော့ နွေးထွေးလေးနဲ့ တွေ့ပြီဆိုတာ ဟန်နီသိရတာနဲ့ ဟန်နီ အရမ်းဝမ်းသာသွားတယ်...ကိုကိုကတော့ သေချာပေါက် နွေးထွေးလေးကို အိမ်ပြန် ခေါ်လာမှာပဲဆိုပြီး သူနဲ့တွေ့ဖို့ ဟန်နီက ကိုကို့အိမ်မှာစောင့်နေတာ
ပြီးတော့ ဟန်နီတောင် သိရပြီဆိုတော့ ဒေါ်လေးလည်း သိလောက်မှာပဲဆိုပြီး ဟန်နီလည်း ကိုကိုတို့ ပြန်လာတာ မစောင့်တော့ပဲ ဒေါ်လေးဆိုင်ကို ထမင်းသွားစားရင်း..."

ဖြေရှင်းချက်ပေးနေတဲ့ ပပဟန်နီကို လက်ပိုက်ကြည့်နေတဲ့ ဘုန်းမြတ်ကိုက မျက်ထောင့်နီကြီးနဲ့။
ဘုန်းမြတ်ကိုရဲ့ မျက်လုံးနဲ့ အကြည့်ချင်းဆုံးရော ပပဟန်နီ တွန့်ခနဲဖြစ်သွားသည်။
ကိုကိုက ဒီလိုမျိုးကြောက်စရာကောင်းတာ ဟန်နီ အခုမှ သိတော့၏။
ပြောနေတဲ့ စကားတောင် အတောင့်လိုက် လည်ချောင်းမှာ တန့်သွားတာကြောင့် တံတွေးမျိုချကာ ပပဟန်နီ စိတ်ကို ပြင်ဆင်ထားရ၏။
ကိုကိုက နင် လျှာရှည်လွန်းလိုက်တာ ဆိုပြီး နဘန်းကျင်းသွားလည်း ခံရတော့မှာပေါ့ သူကိုက အမှားလုပ်ထားမိတာကို။

"ဟိုရောက်တော့ ဒေါ်လေးက ဘာမှ မသိသေးဘူး အဲ့တာနဲ့ ဟန်နီလည်း နွေးထွေးလေးကို ကိုကို ရှာတွေ့သွားပြီဆိုပြီး ပြောလိုက်တယ်...ဒေါ်လေးက သူ့ကိုတောင် လှမ်းမပြောရကောင်းလားဆိုပြီး စိတ်ဆိုးနေတာပေါ့...
သားသမီးတစ်ယောက်အပေါ် ပူပန်နေတဲ့ မိဘသောကကို မြင်နေရတဲ့ ဟန်နီက ဘယ်စိတ်ကောင်းပါ့မလဲ ကိုကိုရာ...အဲ့တာနဲ့ ဟန်နီလည်း ဒေါ်လေးကို နှစ်သိမ့်ပေးလိုက်တယ်...
ဒေါ်လေးမပူပါနဲ့တော့ ကိုကိုလက်ထဲ နွေးထွေးလေးရောက်နေပြီဆိုရင် လုံခြုံစိတ်ချရပါပြီ...ကိုကိုကလည်း သူ့ချစ်သူကို လွမ်းနေလောက်တာမို့ ဒီနေ့တော့ သူ့အိမ်မှာ ခေါ်ထားပြီး အလွမ်းသယ်နေတော့မှာ ဆိုပြီး..."

မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေးWhere stories live. Discover now