အပိုင်း < 23 > 🚨🚨🚨

793 27 0
                                    

#ZG

"ချမ်းလိုက်တာ..."

ရင်ခွင်ထဲက ခန္ဓာကိုယ်လေးက လွန့်ခနဲ့လူးကာ အနွေးဓာတ်ရှိတဲ့ ဘုန်းမြတ်ကိုဘက်ကပ်လာ၏။
အိပ်မှုန်စုံမွှားနဲ့ မျက်လုံးမဖွင့်နိုင်ပေမယ့် ချစ်ရသူရဲ့နဖူးပြင်လေးရှိရာကို မှန်းကာသွားပြီး အနမ်းလေးနဲ့ ချစ်သူအား နိုးထစေဦးမည်။

"နိုးပြီလား ပြွတ်စ်..."

"အင်း..."

ခန်းဆီးလိုက်ကာလေး တလွင့်လွင့်အောက် လေပြေတစ်ချက်တိုးအဝှေ့ မှာ နွေးထွေးမောင် စိမ့်ခနဲ့ ဖြစ်သွားလို့ နိုးလာတော့၏။
စိမ့်ချမ်းသွားတဲ့ ကိုယ်ပေါ်မှာ လက်နဲ့အသာစမ်းကြည့်တော့ အဝတ်ကပ်နေခြင်းမရှိ။
အဝတ်ဗလာနဲ့ အိပ်လေ့မရှိတတ်တဲ့ နွေးတစ်ယောက် တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့် အင်္ကျီတောင်ထမဝတ်နိုင်ရအောင် ညဉ်နက်နက်မှာ ပင်ပန်းစွာနဲ့ အိပ်ပျော်သွားတာကိုပဲ သတိရတော့၏။

မျက်လုံးအဖွင့်မှာ စူးရှနေတဲ့ နေရောင်ခြည်ရဲ့ အလင်းကြောင့် နွေးထွေးမောင် မျက်လုံးအသေအချာ မဖွင့်နိုင်ပဲရှိနေသည်။

တစ်ကိုယ်လုံးလည်း ကိုင်ရိုက်ထားသလို နာကျင်နေတာကြောင့် လှုပ်ရှားလိုက်တိုင်း ဘယ်နားကတော့ နာနေပါတယ်ဆိုပြီး အမည်မဖော်နိုင်ဖြစ်နေ၏။

ဒီလူကြီး မနေ့ညက ခါတိုင်းနဲ့မတူ သောင်းကျန်းလွန်း၏။ နွေးထွေးမောင် မနေ့ညကကိစ္စ သတိရသွား၏။
တစ်ခါမှ ဒီလို ခြေတွေလက်တွေ မလှုပ်နိုင်တဲ့အထိ မလုပ်ဖူးခဲ့တာကြောင့် လုပ်တဲ့တရားခံကို ဒေါသထွက်နေပေမယ့် ဆွမိတဲ့ ကိုယ်အမှားကိုလည်း သိနေသည်။
ကိုယ်တိုင်ကလည်း စိတ်အားထက်သန်နေခဲ့သည်မို့ ကိုယ့်အတတ်ကိုယ်စူးတာမလား။
အိပ်ပျော်နေတဲ့ ကျားကို ကိုယ်ကအမြီးသွားဆွဲမိတာကိုး။

မိုးလင်းတာနဲ့ သားက နို့ဘူးသောက်တတ်သည်မို့ ဆာနေလောက်ပြီ။
ခါတိုင်းဆို ပုခက်ထဲကနေ ငိုသံပေးပြီး နို့အော်တောင်းတတ်ပေမယ့် ဒီနေ့ သားအသံမကြားမိ တိတ်ဆိတ်လွန်းနေသည်။
မနိုးသေးဘူးလားမသိ။

နွေးထွေးမောင် သားကိုသွားကြည့်ဖို့ ထထိုင်မည်လုပ်တော့ ထမရ။အနောက်ဘက်မှ လူကြီးက သိမ်းပွေ့ထားသည့်ပုံမှာ ချုပ်ထားသလိုဖြစ်နေသည်။
လူကိုဖက်လုံးလို ကျကျနန ဖက်ထားလိုက်တာများ လက်နှစ်ဖက်နဲ့ ခါးကို ကျစ်နေအောင် ရင်ခွင်ထဲထိ ဆွဲကပ်ဖက်ထားတဲ့အပြင် နွေးရဲ့ခြေထောက်တွေကိုလည်း ဘုန်းမြတ်ကိုရဲ့ သန်မာလှတဲ့ ပေါင်လုံးတွေက ညှပ်ခွထားသေးသည်။
ပြီးတော့ သူ့ပေါင်ကြားက ကောင်က နွေးအပေါက်ဝကို လာထောက်ထားပြီး ရန်လာစနေသည်မှာ ဒီလူ တမင်တကာလုပ်နေသလိုပဲ။
သူ့ထက်ပိုပြီး ကျန်းမာသန်စွမ်းမှန်းသိပေမယ့် အားတိုင်းထောင်ပဲ ထောင်နိုင်လွန်းသည်မို့ နွေးအမြင်ကပ်လာ၏။

မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေးWhere stories live. Discover now