အပိုင်း < 9 >

569 33 0
                                    

#ZG

"နွေးထွေးလေး...လျှော့သောက်ပါဦးကွာ အခုသောက်တာ သုံးဗူးရှိနေပြီ...မူးနေပြီ တော်တော့ "

"ကိုယ့်ပါးစပ်နဲ့ကို သောက်တာ အေ့ ဒါလည်း ခင်ဗျားက ဝင် ပါပြန်ပြီ..."

"ကိုယ်က စေတနာနဲ့ပြောတာပါ...မနက်ကျရင် မင်းခေါင်းကိုက်နေလိမ့်..."

"တွေ့လား ကျွန်တော်မကြိုက်တာ အဲ့တာ...
ခင်ဗျားကလေ ကျွန်တော့်ကို နေရာတကာ လိုက်ချုပ်ချယ်နေတယ် မကြိုက်ဘူး အေ့..."

"နွေး...တကယ်တော့ ဟူးး
ဟုတ်ပြီ ကိုယ်မပြောတော့ဘူးနော်...ဟုတ်ပြီလား "

ဒီအချိန်မှာ ရှင်းပြလည်း လက်ခံမှာမဟုတ်တာကြောင့် ဘုန်းမြတ်ကို သက်ပြင်းအသာချလိုက်၏။

လူမှန်းသူမှန်းမသိလို့ မူးနေပုံနဲ့ လက်ရှိသူနေတဲ့ နေရာကို ဘယ်လိုပြန်တော့မလဲ။
လိုက်ပို့ချင်တောင် ကိုယ်မှမသိတာ။
မတတ်နိုင်ဘူး ကိုယ့်အိမ်ကိုပဲ ခေါ်သွားတော့မယ်။ အကောင်းနဲ့ တားနေလည်းလက်မှ မခံတာ။ နွေးထွေးမောင်ဆိုတာ ပုံမှန်ဆိုရင်တောင် ဂျစ်တစ်တစ် လူဆိုးလေး။ မူးနေတဲ့ အချိန်ဆို ပြောမနေနဲ့တော့။

မှုန်တေတေနဲ့ မျက်လုံးကို အားယူပြီး မှေးကျဉ်းကြည့်နေတဲ့ တစ်ယောက်ကို ဘုန်းမြတ်ကို မေးထောက်၍သာ ကြည့်နေလိုက်၏။

"ခင်ဗျားရဲ့ အကျင့်ဆိုးတွေလေ...သိလား
အေ့...အဲ့သောက်အကျင့်တွေ မပြင်မချင်း ကျွန်တော် ပြန်မလာဘူး..."

"ပြန်လာပြီးမှ ပြင်မယ်ဆိုရင်ရော မှီသေးလား"

"မမှီဘူး အေ့...အခုပြင်မှရမှာလို့ "

ကိုယ်အတည့်ပြောရင် ကန့်လန့်တမင်လိုက်တိုက်နေတဲ့ အမူးသမားလေးက အရမ်းချစ်စရာကောင်းနေသည်။ စိတ်ရှိတိုင်းသာ ဆွဲဖက်နမ်းပစ်လိုက်ရင်တော့လေ။
လက်တွေ့မှာတော့ ဘုန်းမြတ်ကို ရှေ့ကကောင်လေးကို မထိရဲ။ တော်ကြာ ပထမကိစ္စကိုတောင် မကျေလည်သေး နောက်တစ်မှုတပ်လာမှ သူနဲ့ပိုဝေးသွားမှာ ဘုန်းမြတ်ကို ကြောက်၏။

"ဒါဆိုပြောပြ...ကိုယ်ဘာတွေ ပြင်ရမှာလဲဆိုတာ မသိလို့..."

"အဟက် ခင်ဗျားကလေ ကိုယ့်ကိုကိုယ် တော်တယ်တတ်တယ် ထင်နေတာ အေ့
တကယ်က ငတုံးကြီး ဟား ဟား ဟား "

မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေးWhere stories live. Discover now