#ZG
"သားသားရေ...ဖွားဖွားကြီးဆီလာပါဦး အမလေး ချစ်မွှေးကြီးပါတော် "
နွေးထွေးမောင်ရဲ့ လက်ထဲမှာ ပက်လက်ကလေးနဲ့ သားငယ်က အသံလာရာကို နားစွန့်ပြီး မျက်လုံးကလေးတွေ မှေးကျသွားတဲ့အထိ ပြုံးရွှင်နေ၏။
မျက်လုံးမကြည့်တတ်သေးပေမယ့် မျက်နှာအလွန်ရွှင်သည့် သားက ဖိုးပြုံးချိုလေးပါ။ဒေါ်စန္ဒာ လက်ထဲပြောင်းထည့်ပေးတော့ စစခြင်းငြိမ်နေသေး၏။
နောက်မှ ချီနေကျသူမဟုတ်တော့ လက်ပြောင်းသွားတာသိတာနဲ့ တအင့်အင့်နဲ့ ငိုတော့၏။"ဘာလို့ငိုတာလဲ မြေးရ ဖွားက ချစ်လို့ ချီပါရစေဦး ရွှတ်..."
"သူက အဲ့လိုပဲ အမေရေ နွေးလက်ကို သိနေပြီ ကျွန်တော်ချီရင်တောင် သူ့အဖေ ချီသလို ငြိမ်မနေဘူး "
" ဟုတ်လား မြေးက ဖအေချစ်သားလေးလား ဟမ် ပြောပါဦးကွယ် "
သားကို ငုံ့ပြီး မွှေးလိုက် မြူလိုက်နှင့် ယောက္ခမ ဖြစ်သူ ဒေါ်စန္ဒာ ကိုကြည့်ပြီး ဘုန်းမြတ်ကို ပြုံးမိ၏။
ဒီနေ့ သားရဲ့ ရက် ၁၀၀ ပြည့်မွေးနေ့လေးဖြစ်၏။ မွေးနေ့အပြင် နာမည်ပေး ကင်ပွန်းတပ်လေးပါတွဲကျင်းပပေးမှာဖြစ်၏။
သားကို 'မင်းမြတ်မောင်' လို့ နွေးက နာမည်ပေးထား၏။သားက ကံကောင်းရှာပါသည်။
ဘုန်းမြတ်ကိုတို့ နှစ်ယောက် လူကြီးမိဘတွေကို မတိုင်ပင်ဖြစ်ပဲ အလျင်စလို မွေးစားလိုက်ခြင်းအပေါ် စိုးရိမ်နေမိကြတာ၊ အခုတော့ နှစ်ဘက်က အဖိုးအဖွားတွေက ချစ်မွှေးပါတဲ့ သားကို သနားချစ် ချစ်ရာကနေ သံယောဇဉ်တွေ တိုးပွားကာ သည်းသည်းလှုပ်သည်အထိ။အမျိုးသားနှစ်ယောက် အိမ်ထောင်ပြုခြင်းအပေါ် ကလေးရှိမလာနိုင်တော့ဘူးလို့ အဆုံးထိတွေးထားကြပေမယ့် ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့် ဘုန်းမြတ်ကိုနဲ့ နွေး ဘဝထဲ သား ရောက်ရှိလာခြင်းသည် အံသြဖွယ်ရာ
ရေစက်လေးပင်။"အေးပါကွယ် အေးပါ ဖေဖေရေ သားဆီလာပါဦး သားက ဖေဖေ့ကို တွေ့ချင်နေပြီတဲ့ နော် ဟုတ်လား၊ သားဘုန်းမြတ်ရေ သားရှမ်းလေးရော "
YOU ARE READING
မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေး
Romance보 미 ဆိုတဲ့ Facebook အကောင့်လေးကနေ တင်ထားတဲ့ BL fic လေးတစ်ပုဒ်ကို ဒီ WP လေးမှာ ပေါင်းတင်ပေးလိုက်ပါတယ်နော်... Facebook မှာ တင်ထားတဲ့ Date အတိုင်းပဲ Up လိုက်ပါတယ်... Facebook link မှာ ဖတ်ချင်တယ် ဆိုရင်လည်း Link လေးချပေးထားပါ့မယ်ရှင့်... ဖတ်ပေးတဲ့ Reade...