အပိုင်း < 11 >

570 28 3
                                    

#ZG

"ဟမ်...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒေါ်လေးကသိသွားတယ်ဆိုတာ ပြီးတော့ ကိုယ်တို့က"

နွေးထွေးမောင်အမေ ဒေါ်စန္ဒာက သူတို့နှစ်ယောက်အကြောင်းကို သိသွားတဲ့အကြောင်းအရင်း ဘုန်းမြတ်ကို စဉ်းစားကြည့်လို့မရ။
ဟုတ်တယ်လေ။ အခုအနေအထားကလည်း သူတို့နှစ်ယောက် တွဲနေကြတဲ့ အခြေအနေကလည်း မဟုတ်ပေ။
တွဲကြဖို့အသာထား နွေးဆီကတောင် ဘုန်းမြတ်ကို ကြားချင်တဲ့အဖြေကမရသေးတော့ သူတို့ကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေးဆိုပြီး အမည်ဖော်လို့မရသေး။

"မသိဘူး...မေမေ ကျွန်တော့်ကို အရမ်းစိတ်ဆိုးနေတယ် ကျွန်တော် အခုအိမ်ပြန်မှ ဖြစ်မယ်..."

"အေးပါ နွေး ကိုယ်လိုက်ပို့ပေးမယ် စိတ်အေးအေးထား ပြီးတော့..."

စိုးရိမ်ကြောင့်ကြနေတဲ့ စိတ်ကလေးကြောင့် မျက်နှာလေးညိုးနေတဲ့ နွေး မျက်နှာလေးကို ညင်သာစွာ အုပ်မိုးကိုင်လိုက်၏။

"နွေး သိမလားတော့ မသိဘူး...အစကတည်းက ကိုယ်က နွေးကို တသက်တာအတွက် ကိုယ့်အနားမှာ ခေါ်ထားနိုင်ဖို့ ဘာပဲဖြစ်ဖြစ် လုပ်ဖို့ဆုံးဖြတ်ပြီးသား...နွေး စိတ်မပူနဲ့ ကိုယ့်ရင်ခွင်က နွေး နားခိုဖို့ အမြဲအဆင်သင့်ရှိနေတာ ဒီကိစ္စကို ကိုယ်တာဝန်ယူတယ်..."

"အဲ့တာက ပြသာနာလား အခုက မေမေ တကယ်ရှော့ရသွားနိုင်တဲ့ ကိစ္စကြီးနော် တာဝန်ယူတယ်ဆိုတာ ဖြေရှင်းနည်းမဟုတ်သေးဘူးဗျ..."

အုပ်ကိုင်ထားတဲ့ လက်ကို ဖယ်ချပြီး စိတ်ပျက်စွာ တစ်ဖက်လှည့်သွားတဲ့ နွေးထွေးမောင်ကို ကြည့်ပြီး ဘုန်းမြတ်ကို စိတ်မကောင်း။
ချစ်လွန်းလို့ တစ်ကိုယ်ကောင်းဆန်မိတာက ချစ်ရသူဘက်ကို ငဲ့မကြည့်သလိုဖြစ်သွားရသည်။
နွေးထွေးမောင်ရဲ့ ကိုယ်လေးကို နောက်ကနေ တင်းတင်းကြပ်ကြပ်ထွေးပွေ့လိုက်ရင်း အင်အားတချို့ပေးပြီး နှစ်သိမ့်မိ၏။
ကိုယ်အချစ်ရဲ့ စွမ်းအားတွေကို တယ်လီပသီနည်းနဲ့ ပို့ဆောင်ပေးနိုင်ရင်အကောင်းသား။

"ကိုယ်သိပါတယ်...နွေးသာ ကိုယ့်ကိုပေးထားတဲ့ ကတိကို မမေ့ပဲ ကိုယ့်ဘေးမှာ အဆုံးထိရှိနေပေး...ဟုတ်ပြီလား "

မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေးWhere stories live. Discover now