အပိုင်း < 8 >

541 26 0
                                    

#ZG

"ကိုယ် မင်းကို လွမ်းနေခဲ့တာ မောင့်ရဲ့နွေး "

"အဲ့တော့ ဘာလုပ်ရမှာလဲ..."

"ကိုယ်ပြောနေတာ မင်းကို လွမ်းတယ်လို့ "

"ကျွန်တော်ကတော့ ခင်ဗျားကို မလွမ်းမိဘူး"

"လိမ်နေတာ ကိုယ့်မျက်လုံးကို ကြည့်ပြော "

"လိမ်စရာ အကြောင်းမရှိဘူး..."

"ကိုယ်မင်းနဲ့ စကားပြောချင်တယ်..."

"ကျွန်တော်မအားဘူး ခင်များ မြင်တဲ့အတိုင်းပဲ
သွယ် ကိုယ်တို့သွားရအောင်..."

"သြော်...အင်း သွားမယ်လေ ကိုရှမ်းလေး "

ဖြစ်နေတဲ့ ပြသာနာကို သွယ်သွယ်ဖြူ မသိ။
သူတို့နှစ်ယောက်ကြား ကိုယ်က အလိုလို ဘေးရောက်သွားတာကိုသာ သိ၏။
တစ်ခါမှ ဒေါသထွက်တာ မမြင်ဖူးခဲ့သော ကားဆရာလေးရဲ့ အသွင်အပြင်ထဲမှာ ချစ်စရာကောင်းတဲ့ အရိပ်ကလေးတွေလည်း ပါနေသည်။ မမြင်ဖူးတဲ့ ကားဆရာလေးရဲ ဂျစ်တစ်တစ်ဟန်လေးတွေကို သဘောတကျ ငေးမောမိတော့ ဘေးက အမျိုးသားက မျက်မှောင့်ကြုံ ကြည့်ကာ သူမကို သတိပေးနေ၏။
လန့်သွားတဲ့ သွယ်သွယ်ဖြူ က အကြည့်ကို မြန်မြန်လွှဲကာ ရှေ့ကနေသုတ်သုတ် သုတ်သုတ် အရင်ထွက်သွားလိုက်၏။

"ခင်များ ဘာလုပ်တာလဲ ဖယ်ပေး "

"မင်းကို ကူညီပေးတာ..."

"မလိုပါဘူး ကိုယ့်ဘာသာလုပ်နိုင်တယ် ဒါ ကျွန်တော့်အလုပ်...ပြန်ပေး "

"....."

မနိုင်မနင်း မ,နေတဲ့ Cosmetic ပစ္စည်းတွေ ထည့်ထားတဲ့ပုံးကို ဘုန်းမြတ်ကိုက နွေးထွေးမောင် လက်ထဲကနေ ဖျက်ခနဲ့ ပြောင်းယူလိုက်၏။

"ကျွန်တော်ပြောနေတယ် ခင်များ နားမပါဘူးလား...ပြန်ပေးလို့ "

အနောက်ကနေ လေးလံလှတဲ့ ပုံးကို ငါ့ပေးသူ့ပေးလုနေတဲ့ နှစ်ယောက်ကြောင့် သွယ်သွယ်ဖြူခေါင်းကုတ်ရတော့၏။ မတော်လို့ လုနေရင်း ကြားထဲကနေ ပြုတ်ကျကုန်မှ ဈေးပွဲတော် တာဝန်ကျဝန်ထမ်းတွေအကုန် လစာဖြတ်ခံရတော့မှာ။

"ညီမက ဒီကုမ္ပဏီက မန်နေဂျာထင်တယ်..."

"ရှင်...ဟုတ် ဟုတ်ပါတယ်..."

မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေးWhere stories live. Discover now