#ZG
"ဖြေမှဖြစ်မယ်...ဒီကိစ္စက ကလေးရှေ့ရေးနဲ့လည်း ဆိုင်တယ်...ပြီးတော့ ပတ်ဝန်းကျင်မှာ ပြန့်နေတဲ့ သတင်းတွေကို
လည်း အိမ်ဂျယ် ကြားမှာပါ...""ရှေ့ရေး ဟုတ်လား ဟက်...ပတ်ဝန်းကျင်မှာကရော
ဘာသတင်းတွေများ ပြန့်နေသေးတာတဲ့လဲ...
လူတစ်ယောက်ရဲ့ အကြောင်းကို ထဲ့ထဲ့ဝင်ဝင် ဘာမှမသိပဲ မှိုချိုးမျှစ်ချိုးဝေဖန်ပြီး ဟိုခြေနင်းပြားအောက်က သဲတစ်မှုန်လောက်တောင် တန်ကြေးမရှိသလို သိက္ခာချခံခဲ့ရပြီးပြီလေဟာ...ငါ့အကြောင်းကို ထပ်ပြီး ဘာပြောစရာကျန်နေသေးတာလဲ..."အိမ်ဂျယ်ထွန်းသည် လောကကြီးကို နာကျည်းနေသလို အရွဲ့ တိုက်ကာ ပြုံးနေခဲ့၏။
တစ်ချိန်တုန်းက မျက်နှာလှလှလေးပေါ်မှာ စွဲမက်ဖွယ်အပြုံးတွေနဲ့ ချစ်စဖွယ်ကောင်မလေးဟာ အခုမျက်စိရှေ့မှာ ရှိနေတဲ့ ကောင်မလေးမှ ဟုတ်ရဲ့လားလို့ နွေးထွေးမောင် တွေးမိ၏။နွေးထွေးမောင်တစ်ယောက် အိမ်ဂျယ်ထွန်းရဲ့ မဲ့ပြုံးကို မြင်ပြီး ရင်ထဲမှာ ဆစ်ကနဲ့ နာကျင်သွားမိ၏။
အခုချိန်မှာ အချစ်လို့ သတ်မှတ်လို့ရတဲ့ ခံစားချက်မျိုး ထိုကောင်မလေးပေါ်မှာ မရှိတော့တာ သေချာပေမယ့် တစ်ချိန်က ဒီကောင်မလေးကို သဘောကျခဲ့ဖူးပြီး
ကောင်လေးတချို့နဲ့ ပြိုင်ကာ ပိုးခဲ့ဖူးသည် မဟုတ်လား။နွေးထွေးမောင်နဲ့ အဆက်အသွယ်ပြတ်သွားတဲ့အချိန်မှာ ဘယ်လိုကိစ္စတွေများ ကြုံခဲ့လို့ တခြားလူတစ်ယောက်လို လုံးဝပြောင်းလဲသွားပါလိမ့်။
အိမ်ဂျယ်ထွန်းကို တွေ့ပြီးမှ မိမိသိက္ခာအတွက် ပူပန်နေမိတဲ့ နွေးထွေးမောင်တစ်ယောက် ရှက်ရွံ့မိလာသည်။
အိမ်ဂျယ်ထွန်းသည် မိန်းကလေးတစ်ယောက်ဖြစ်သော်ငြားလည်း၊ ယောင်္ကျားတစ်ယောက်ဖြစ်ပြီး ကိုယ့်သိက္ခာအတွက်ကိုပဲ ကြည့်နေမိတဲ့ မိမိထက်စာရင် သူမဟာ ကလေးတစ်ယောက်ကို ရဲရဲရင့်ရင့် မွေးထားတဲ့ အာဂမိခင်တစ်ဦးဖြစ်ပေ၏။"မဟုတ်ဘူး နင့်အကြောင်းတွေ မဟုတ်ပါဘူး...ဒါပေမယ့်...ဒီ ဒီကလေးလေးကို ငါ့သားလို့ နေရဲထွန်းက ပြောလိုက်တယ်"
YOU ARE READING
မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေး
Romantizm보 미 ဆိုတဲ့ Facebook အကောင့်လေးကနေ တင်ထားတဲ့ BL fic လေးတစ်ပုဒ်ကို ဒီ WP လေးမှာ ပေါင်းတင်ပေးလိုက်ပါတယ်နော်... Facebook မှာ တင်ထားတဲ့ Date အတိုင်းပဲ Up လိုက်ပါတယ်... Facebook link မှာ ဖတ်ချင်တယ် ဆိုရင်လည်း Link လေးချပေးထားပါ့မယ်ရှင့်... ဖတ်ပေးတဲ့ Reade...