အပိုင်း < 3 >

769 41 3
                                    

# ZG

" အ့...ခ...ခဏလေး နာလို့ လွှတ်ဦး "

"မလွှတ်နိုင်ဘူး..."

လက်ကို အကြမ်းပတမ်း ဆွဲခေါ်သွားတာကြောင့် နွေးထွေးမောင် လက်ကောက်ဝတ် နာလာတော့သည်။ ဘုန်းမြတ်ကိုကလည်း လွှတ်မပေးပဲ ဆိုင်အပေါ်ထပ်က သူနေတဲ့ အခန်းဆီ တောက်လျှောက်ဆွဲခေါ်သွား၏။

အခန်းထဲရောက်တာနဲ့ အခန်းတံခါးကို ဝုန်းခနဲ့ ဆောင့်ပိတ်လိုက်ပြီး နွေးထွေးမောင်ရဲ့ ကိုယ်လေးကို တံခါးမှာ ဖိကပ်ထားတော့၏။

အနည်းငယ် ဒေါသထွက်သယောင်ယောင် စူးစူးရဲရဲလေး စိုက်ကြည့်နေတဲ့ ကောင်းဆိုးလေးကို ဘုန်းမြတ်ကို ခပ်တည်တည်နဲ့ ပြန်စိုက်ကြည့်ပေးလိုက်၏။ တစ်ယောက်နဲ့ တစ်ယောက် အကြည့်မလွှဲပဲ ကြာကြာစိုက်ကြည့်နေပြီးတဲ့ နောက်မှာ နွေးထွေးမောင်က အရင်စပြီး မျက်နှာလွှဲလိုက်၏။

" ကျွန်တော့်မှာ ရည်းစားရှိသေးတယ် အစ်ကို ပြောသလို မလုပ်နိုင်ဘူး..."

"မင်းကသာ သစ္စာရှိပြနေတာ ဟိုက ထားသွားလို့ အခုလို့ စောက်ပြသာနာတွေ ရှာနေတာမဟုတ်ဘူးလား..."

"ကျွန်တော်က ထားခဲ့တာပါဗျ..."

"ဘယ်သူ ထားခဲ့တယ်ဆိုတာ ပြသာနာလား အခု...
သေချာတာကတော့ ကိုယ်က မင်းတစ်နေ့ လက်ထပ်ကို လက်ထပ်ရမယ့်သူ..."

"ဟားဟား...ခင်ဗျားဗျာ သေချာလှချည်လား...မျှော်လင့်မနေနဲ့ မကြာသေးခင်ကမှ နောက်ကောင်မလေးတစ်ယောက်ဆီက အဖြေတောင်းထားတာ...အဲ့တစ်ယောက်နဲ့ တွဲပီး လက်ထပ်ဖို့ကြိုးစားမှာ..."

" လူတစ်ယောက်ကို ချစ်ဖို့ဆိုတာ အချိန်တိုလေးအတွင်း မသေချာနိုင်ဘူး တမင် ကြိုးစားယူလို့မရဘူး...ကိုယ် မင်းကို ချစ်လာတယ်ဆိုတာ ငယ်ငယ်လေးကတည်းက...မင်း ကိုယ့်ခံစားချက်ကို သေချာမတွေးကြည့်ပဲ လျှောက်ပြီး မကစားနဲ့ တခြားသူပါ ခံစားရလိမ့်မယ်..."

"သူများအတွက် မတွေးနဲ့ဦး ကျွန်တော့်ကို ခင်ဗျားဖွင့်ပြောတော့ရော ကျွန်တော်ဘယ်လိုခံစားနေရမလဲဆိုပြီး ခင်ဗျားတွေးဖူးလား..."

"အင်း...တွေးဖူးတယ်"

" ဒါဆို ခင်ဗျား သိလောက်ရောပေါ့...ကျွန်တော်က မိန်းကလေးတွေပဲ ကြိုက်...."

မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေးWhere stories live. Discover now