အပိုင်း < 16 >

441 24 0
                                    

#ZG

"အိန်ဂျယ်ထွန်း ရည်းစားရှုပ်မှန်းတော့ သိတာပေါ့ကွ...
ဒါပေမယ့် နောက်ဆုံးတွဲခဲ့တာ အဲ့ကောင် "

ဘိလပ်ခုံပေါ် ဘေးတစ်ခြမ်းစောင်းထိုင်ကာ ဘောလုံးတစ်လုံးကို မြှောက်ကစားနေတဲ့ နေရဲထွန်းက အခိုင်အမာဆို၏။

"မင်းပြောချင်တာ အဲ့စော် လင်ကောင်မပေါ်ပဲ မွေးထားတဲ့ ကလေးက ရှမ်းလေးကလေးလို့ပြောချင်တာလား..."

တစ်ခြားတစ်ယောက်က ဘောလုံးတစ်လုံးကို
ကျင်းထဲကျအောင် ချိန်ထိုးနေရာမှ ရပ်ကာ မေးသည်။

"ဟုတ်ပါ့မလား ဟျောင့်ရ...ဟိုက အခြောက်ဟ လင်တောင် ယူတော့မှာဆိုပဲ..."

တစ်ယောက်တစ်ပေါက်ထင်ကြေးပေးနေတာကို နေရဲထွန်းက မျက်မှောင်ကြုံ့ရင်း...

"ကျစ်...သေချာတယ် ဟျောင့် အဲ့တုန်းက ရှမ်းလေးဆိုတဲ့
ကောင်နဲ့ ငါနဲ့က အိမ်ဂျယ်ထွန်းကို ပြိုင်လိုက်ဖူးတယ်...
အဲ့စော်ကကွာ ရုပ်ရည်ကိုကြည့်ပြီး ရှမ်းလေးကို ရွေးခဲ့တာကွ...ဒါလည်း ကောင်းပါတယ် ငါနွား မဖြစ်တော့တာပေါ့ကွာ...နောက်ပိုင်း ဘယ်လိုကနေ ဘယ်လိုဖြစ်လဲမသိဘူး အဟက် ဒီကောင်က ယောင်္ကျားကောက်ယူတယ်တဲ့
မထင်ထားဘူးကွာ...ဟား ဟား ဟား "

"ဟိုရှေ့က ဘီယာဆိုင်ပိုင်ရှင်မလား...အဲ့ဘဲကြီးက ယမကာစက်ရုံတွေလည်း အများကြီးပိုင်တယ်လေ ရေရေလည်လည်ငွေလျှံတာပေါ့...အဲ့ကောင်တွဲခဲ့တဲ့ စကီလေးတွေက
ဘဲကြီးနဲ့ ယှဉ်ရင် ဘာအသုံးဝင်တော့မှာလဲ...
အနေအစားချောင် ခြူတိုင်းရနေလို့ တခြားယောင်္ကျား
တစ်ယောက်ကို ဖင်ပေးပေါင်းတာနေမှာပါကွာ...
ထွီ...ရွံစရာကြီး "

ထိုသူတို့ တစ်သိုက်ပြောနေသည့်သူမှာ နေရဲထွန်းနဲ့ တစ်ချိန်က ရန်စရှိဖူးသည့် ရှမ်းလေးလို့ ခေါ်ကြတဲ့ နွေးထွေးမောင်အကြောင်းပင်။
နွေးထွေးမောင်နဲ့ ရှမ်းလေးမှာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အိမ်ဂျယ်ထွန်းဆိုတဲ့ နှုတ်ခမ်းနီမလေးတစ်ယောက်ကို အပြိုင်လိုက်ဖူး၏။
ထိုအချိန်က ဂျစ်ကန်ကန်နဲ့ ချောမောတဲ့ လူဆိုးလေး နွေးထွေးမောင်ရဲ့ ရုပ်ရည်ကြောင့် အိမ်ဂျယ်ထွန်းက နေရဲထွန်းကို ကျော်ပြီး နွေးထွေးမောင်ကို ရွေးချယ်သွားခဲ့၏။

မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေးWhere stories live. Discover now