အပိုင်း < 20 >

438 30 0
                                    

#ZG

"သားရေ...တိတ်တော့နော် မငိုနဲ့တော့ ဒီမှာကြည့် ဖေဖေကြီးဝယ်လာတဲ့ ရုပ်ရုပ်နဲ့ဆော့ရအောင် ရော့...ရော့ "

"အူ..ဝါး ဝါး "

ကလေးငိုသံစူးစူးရှရှလေးက ညဥ့်နက်သန်းခေါင် တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ဆူညံလျက်ရှိ၏။

ဘုန်းမြတ်ကို ရင်ခွင်ထဲမှာ ပွေ့ချီထားတဲ့ တစ်လသားအရွယ်ကလေးငယ်က ပလက်အနေအထားနဲ့ ယက်ကန် ယက်ကန်။
တစ်ခါမှ ကလေးမချီဖူးတဲ့သူမို့ ကလေးကို သက်တောင့်သက်သာ ဖြစ်နေအောင် မချီတတ်တော့ခက်၏။

တစ်လဆိုသည့်အရွယ်ဟာ အရောင်အသွေးတောင် တိတိပပမခွဲခြားနိုင်သေးသည့်အရွယ်မို့ ဘုန်းမြတ်ကိုပြသည့် အရုပ်တွေကို မကြည့်တတ်သေး။
လက်သီးလေးကို ကျစ်နေအောင်ဆုပ်ထားကာ လည်ချောင်းလေးကို ညှစ်ညှစ်ငိုနေပုံများ မျက်နှာသေးသေးလေးဟာလည်း နီရဲတွတ်လို့။

"သားရယ်...ဘာအလိုမကျနေတာလဲကွာ "

ဘေးမှာရှိတဲ့ နို့ဘူးယူတိုက်တော့လည်း မျက်နှာကို အတင်းရှောင်ပြီး ခြေထောက်သေးသေးလေးတွေကို ကားယားကန်ကာ ပို၍သာ တိုးငိုတော့၏။

ချလောက်...

"နွေး နိုးသွားတာလား "

"ကလေးကို ပေး..."

တံခါးဖွင့်သံကြားလို့ ဘုန်းမြတ်ကို မော့ကြည့်လိုက်တော့ အေးစက်စက်အမူအယာနဲ့ နွေးက လက်ကမ်းကာ ကလေးကိုတောင်းနေ၏။

ဘုန်းမြတ်ကို သေချာရဲ့လား ပြန်ကြည့်ရသေး၏။

နေ့လည်က သေဆုံးသူအတွက် အမှုအခင်းစစ်ဆေးနေစဉ် အိမ်ဂျယ်ရဲ့ သားငယ်ကို ဘယ်သူခေါ်ထားမှန်းသတိမရကြ။

နွေးထွေးမောင် အိမ်ဂျယ်ချန်ခဲ့တဲ့ စာဖတ်အပြီးမှ ကလေးကို သတိရကြတော့၏။
မိခင်သေဆုံးသွားလို့ အလောင်းကို ရင်ခွဲရုံမှာ စစ်ဆေးနေတဲ့အချိန် သေဆုံးသူဆွေမျိုးသားချင်းများကို မသိသေးတာကြောင့် မှုခင်းဆရာဝန်လက်ထောက်က သားငယ်ကို ရုံးခန်းထဲမှာ ခေါ်သိပ်ပေးထားလို့ တော်သေး၏။

ဖူးဖူးက ကလေးကို ခေါ်ပေးဖို့ပြောတာကြောင့် ကလေးလေးကို လက်ထောက်ဆရာဝန်က ခေါ်ထုတ်လာပေး၏။

မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေးWhere stories live. Discover now