အပိုင်း < 10 >🚨🚨🚨

838 33 0
                                    

#ZG

" ခင်ဗျား...ဘာလုပ်မလို့လဲ "

"ကိုယ်လား...တာဝန်ယူပေးမလို့လေကွာ ကိုယ့်ကြောင့် ဖြစ်တာမလား..."

"မလိုဘူး...ဖယ်တော့ ကျွန်တော်အိပ်ချင်နေပြီ ကျွန်တော့်ကိုသာ ထပ်မထိနဲ့..."

အုပ်မိုးကာ ငုံ့ကြည့်နေသော သူရဲ့ရင်ဘတ်ကို တွန်းထုတ်လိုက်တော့ မကျေမနပ်နဲ့ ဆူပုတ်ကြည့်လာ၏။

"ဒါဆို...နွေး ဒီလိုပုံစံကြီးနဲ့ အိပ်မှာလား အနေရခက်နေမှာပေါ့ကွာ..."

"ခင်ဗျား အပူလား ကျွန်တော်ဘာသာ ဖြေရှင်းနိုင်တယ်
အခန်းထဲကနေသာ ထွက်သွားပေး..."

ခေါင်းမာတဲ့ ကောင်ဆိုးလေးက ဘုန်းမြတ်ကို ကို အတင်းနှင်ထုတ်နေလေရက်။
ရှက်ရမ်းရမ်း အော်ဟစ်ပြီး ယိုင်ထိုး ယိုင်ထိုးနဲ့ ကုတင်ပေါ်က ဆင်းသွားတဲ့ နွေးထွေးမောင်တစ်ယောက် ကိုယ်ခြေနဲ့ကိုယ် ခလုတ်တိုက်တော့၏။
ကြမ်းပြင်နဲ့ မျက်နှာ မမိတ်ဆက်သေးခင် ဘုန်းမြတ်ကိုက အမှီလှမ်းဆွဲနိုင်လိုက်၏။
ရင်ခွင်ထဲ ပြိုကျလာတဲ့ ချစ်ရသူရဲ့ ခါးသိမ်သိမ်ကို ဆွဲပွေ့ဖက်ထားရင်း...

"နွေးကရော အဲ့တာ ဘယ်သွားမလို့လဲ "

"အိမ်သာ သွားမလို့...လွှတ် "

"ကိုယ့်ကိုယ်ကိုတောင် မနိုင်ပဲ ဘယ်လိုသွားမှာလဲ ကိုယ်လိုက်ပို့ပေးမယ်..."

"မလိုဘူး...ကိုယ်ဘာသာ အာ့ ဘာလုပ်တာလဲ ချပေး ကိုယ်ဘာသာသွားမယ်လို့..."

ခြေတစ်လှမ်း လှမ်းရုံနဲ့ ဟက်ထိုးလဲကျနေတဲ့သူက ခေါင်းကြောတင်းနေတုန်းရှိသေး ဘုန်းမြတ်ကို ဆွဲပွေ့လိုက်တော့ စွေ့ကနဲ့ ပါလာ၏။
ခန္ဓာကိုယ်ပေါ်က အားတွေအကုန် လည်ချောင်းထဲ ရောက်သွားသည်ထင်။
ဘုန်းမြတ်ကို ရင်ခွင်ထဲကနေ အတင်းရုန်းကန်ရင်း နွေးထွေးမောင်တစ်ယောက် အသံကုန် ခြစ်အော်နေ၏။

"အောက်ချပေး...မချရင် ခင်ဗျားကို ထိုးမှာနော်...ကျွန်တော် စိတ်တိုလာပြီ လွှတ်ပေးလို့ "

"ကျစ်..."

နား နားနီးနီးကပ်ကပ် အာခြစ်ပြီ အော်နေတော့ ဘုန်းမြတ်ကို နားတွေပါအူလာသည်။
စကားနဲ့ ပါးစပ်ပိတ်ဖို့ ပြောမှမရတော့ဘူးပဲ။

မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေးWhere stories live. Discover now