အပိုင်း < 17 > 🚨🚨🚨

754 28 0
                                    

#ZG

"ပြောလေ...နွေး အခုနကတည်းက ဘာပြောမလို့လဲ..."

"အာ...ဟိုလေ "

အပေါ်ပိုင်းရှပ်အင်္ကျီိ ကိုချွတ်လဲနေရင်း ကုတင်ပေါ်မှာ ထိုင်နေတဲ့ နွေးထွေးမောင်ကို ကြည့်ကာ မေးဆတ်ပြရင်း ဘုန်းမြတ်ကို မေးလိုက်၏။
နွေးက သူနဲ့ သေချာမျက်လုံးချင်းမဆုံစေပဲ ခေါင်းကို အသာလေးစောင်းကာ လွှဲသွား၏။
ခုနကတည်းက တစ်ခုခုပြောချင်သလိုလို ပါးစပ်တပြင်ပြင်ဖြစ်နေပေမယ့် သူ့ရဲ့ ကတုံးဆံပင်ပေါက်လေးတွေကိုသာ လက်ဖဝါးနဲ့ ပွတ်သပ်နေ၏။

လူထွက်လာတာ ရက်ပိုင်းလောက်ရှိသေးပေမယ့် ယောင်္ကျားလေးတန်မဲ့ ဆံပင်ကောင်းတဲ့ နွေးက ဆံပင်ငုတ်တိုမဲမဲလေးတွေပေါက်ကာ ဘုန်းမြတ်ကိုအတွက် ချစ်စရာကောင်းလေးတစ်ယောက်ဖြစ်နေတော့၏။

တစ်ခါတလေ အသည်းယားလွန်းလို့ ဘုန်းမြတ်ကိုရဲ့ မေးစေ့နဲ့ နွေးရဲ့ ဆံငုတ်တိုလေးတွေ ပေါက်နေတဲ့ ငယ်ထိပ်ကို ခပ်ဆတ်ဆတ်လေး ကြိတ်ပစ်တတ်၏။

အခုလည်း ကြည့်၊ လက်ဖဝါးအထိအတွေ့မှာ ခပ်စူးစူးလေးထိုးနေတဲ့ ဆံပင်ပေါက်လေးတွေကို လက်ဖဝါးနဲ့ပွတ်ကာ အရသာကိုခံနေပြန်ပြီ။

"ခုနကတည်းက ကိုယ်ကြည့်နေတာ နွေး ကိုယ့်ကို တစ်ခုခုပြောစရာရှိနေတဲ့ပုံပဲ..."

"အင်း...ဟုတ် ဟုတ်တယ်ဗျ မေး မေးမလို့ပါ အန်တီ
သက်သာ သွားပြီလား..."

ပြောချင်တာက တခြား ပြောထွက်သွားတာ တခြား
ဖြစ်သွားသောကြောင့် နွေးထွေးမောင် ကိုယ့်ကိုယ်ကိုသာ ကျိန်ဆဲမိတော့၏။

အမှန်တော့ မနက်က ဘိလပ်ခုံမှာ နေရဲထွန်းပြောလာတဲ့ကိစ္စကို ဘုန်းမြတ်ကိုကို ပြောပြချင်တာဖြစ်သည်။

ဒီကိစ္စက အမှန်ဟုတ်မဟုတ်တော့ မသိ၊ မတော်လို့ အရပ်ထဲက တဆင့်စကား တဆင့်နားမှ ကြားပြီး ဘုန်းမြတ်ကို နားကို ရောက်တော့မှ ပြသာနာအကြီးကြီးတက်မှာကို နွေးထွေးမောင်ကြောက်၏။

ဖွင့်ပြောရန်မှာလည်း ဘယ်ကနေဘယ်လို စပြောရမှန်းမသိ၊ ကာယကံရှင် သူကိုယ်တိုင်တောင် ဒီအဖြစ်အပျက်ကြီး တစ်ခုလုံးကို လိုက်မမှီနိုင်သေးပါ။

မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေးWhere stories live. Discover now