#ZG
" ဘယ်လို သမီးမှာ ချစ်သူရှိတယ် ဟုတ်လား"
"ဟုတ်တယ် အန်တီ "
"ဘယ်လိုတွေ ဖြစ်ကုန်တာလဲကွယ် သမီးလေးမှာ ချစ်သူမရှိဘူးဆိုပြီး ဟန်နီလေးမိဘတွေဆီကို အန်တီကမ်းလှမ်းလာတုန်းက လက်ခံလိုက်တာလေ သမီးရဲ့...ဒါမှမဟုတ် သမီးမကြိုက်တာတစ်ခုခု သားက လုပ်လို့လားကွယ် "
သမီးအရင်းလေးလို ချစ်လွန်းလို့ ပပဟန်နီကို အပိုင်ခေါ်ထားမယ်ဆိုပြီး သားလူပျိုကြီးအတွက် ရွေးပေးထားခဲ့တာ။
သားကတောင် မိဘတွေစိတ်ချမ်းသာအောင်လို့ထင်ပါရဲ့
အငြင်းစကားမဆိုခဲ့လို့ ဒေါ်မြတ်လေး ကျေနပ်နေခဲ့တာ။
သားဘက်က ငြင်းလာရင် သားကို ဖြောင့်ဖြလို့ရသေး၊
အခုက မိန်းကလေးဘက်ကကို သူမမှာ ချစ်သူရှိပါတယ်ဆိုတဲ့အထိ ဖွင့်ပြောလာတော့၏၊အစတုန်းက ကလေးနှစ်ယောက်လုံးဆီက ဘာအသံမှ ထွက်မလာဖူးဘူး အခုမှ နှစ်ယောက်စလုံးက ကိုယ့်ရှေ့မှာ ထိုင်ပြီး သဘောတူထားတာ ဖျက်သိမ်းပေးဖို့ပါ တောင်းဆိုနေကြ၏။
တစ်ခုခုတော့ လွဲနေပြီ။"ဟို တ တကယ်တော့လေ အန်တီရော သမီးမိဘတွေရောက နည်းနည်းလေး နားလည်မှုလွဲနေတာ...သမီးတို့နှစ်ယောက်လုံးက သဘောတူပါဆိုတဲ့အကြောင်း မပြောမိဘူးလားလို့ပါ..."
"ဟုတ်တယ်...မေမေရဲ့ သားတို့က လူကြီးတွေရဲ့ ခင်မင်မှုမပျက်အောင် အလိုက်အထိုက် ပြောဆိုဆက်ဆံခဲ့ရုံပဲ...ကျွန်တော်တို့နှစ်ယောက်မှာ ကိုယ်စီ ကိုယ်စီ သက်ဆိုင်သူတွေရှိပြီးသား..."
"မေမေ မေးတုန်းက သားပဲ ချစ်သူမရှိသေးဘူးပြောခဲ့တာလေ...ဒါ့ကြောင့် မေမေက ဟန်နီလေးကို ရွေးခဲ့တာ အဲ့တုန်းက သားတို့နှစ်ယောက်လုံး သဘောမကျရင် ငြင်းခဲ့လို့ရရဲ့သားနဲ့ကွယ် အခုတော့ မျက်နှာပျက်စရာတွေ ဖြစ်ကုန်
ုပြီ...သားရဲ့ ""ဟုတ်တယ်လေ မေမေမေးတုန်းက သားမှာ ချစ်သူမရှိသေးဘူးဆိုပေမယ့် သားချစ်ရတဲ့သူ မရှိဘူးလို့ပြောတာမှ မဟုတ်တာ မေမေကလဲ"
"မဟုတ်သေးဘူး မဟုတ်သေးဘူး သားတို့နှစ်ယောက်ကြားမှာ ကိစ္စ တစ်ခုခုရှိကိုရှိရမယ် ပြသာနာက ဘာလဲ မေမေတို့ကို ပြောပြ မေမေတို့ ပြေလည်အောင်ဖြေရှင်းပေးမှာပေါ့ "
YOU ARE READING
မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေး
Romance보 미 ဆိုတဲ့ Facebook အကောင့်လေးကနေ တင်ထားတဲ့ BL fic လေးတစ်ပုဒ်ကို ဒီ WP လေးမှာ ပေါင်းတင်ပေးလိုက်ပါတယ်နော်... Facebook မှာ တင်ထားတဲ့ Date အတိုင်းပဲ Up လိုက်ပါတယ်... Facebook link မှာ ဖတ်ချင်တယ် ဆိုရင်လည်း Link လေးချပေးထားပါ့မယ်ရှင့်... ဖတ်ပေးတဲ့ Reade...