#ZG
"နေခြည်လေး သူပြောတာ အမှန်ပဲလား "
"ဟုတ်...ဟုတ်ပါတယ် ကိုကြီး ညီမလေးကို စိတ်မဆိုးပါနဲ့ နော် နေခြည် မေမေတို့ကို ဖွင့်လည်းမပြောရဲဘူး၊ ပြီးတော့ ဟန်နီကိုလည်း မခွဲနိုင်ဘူး အဲ့တာနဲ့ပဲ..."
"ဟား..."
"ညီမလေး လုပ်ပုံကောင်းသေးရဲ့လား ကိုယ်နဲ့ကျောင်းနေဘက်သူငယ်ချင်းနဲ့မှ ခိုးပြေးလာရတယ်လို့ မဟုတ်သေးဘူး ပိုဆိုးတာ သူက မိန်းကလေးလေကွာ "
"ကိုကို ဒီလိုပြောတာ မတရားဘူး ကိုကိုလည်း နွေးထွေးလေးကိုယူထားတာလေ ပြီးတော့ သူက ယောင်္ကျားလေး "
"ဟန်နီ မတူဘူးလေကွာ ကျစ် "
" ဘာမတူတာလဲ လူတစ်ယောက်က တစ်ယောက်အပေါ် မေတ္တာရှိလို့ ချစ်တာတောင် ဘယ်လိုမတူညီတာမျိုးရှိသေးတာလဲ ဟန်နီလည်း ဖူးကို ရင်ထဲက မေတ္တာစစ်နဲ့ ချစ်တာ ကိုကိုတို့လို့ နှလုံးသားနဲ့ အသက်ရူတဲ့ လူသားတစ်ဦးပဲ ဘယ်နေရာက တူညီဖို့လိုသေးတာလဲ "
"ငါပြောတာ အဲ့တာမဟုတ်ဘူး အကိုဖြစ်သူက လိင်တူလက်ထပ်ထားတာ မကြာသေးဘူး ညီမလုပ်သူကပါ အစ်ကိုခြေရာနင်းပြီး လိင်တူလိုက်လက်ထပ်မယ်ဆိုရင် ညီမလေးအတွက် ပြောစရာတွေဖြစ်လာနိုင်တယ်...
ပြီးတော့ ညီမလေးက သူ့ရဲ့မိသားစုမှာ တစ်ဦးတည်းသောသမီးလည်းဖြစ်နေပြန်တယ်
မင်းတို့ကို လွယ်လွယ်နဲ့ ခွင့်ပြုပေးမယ်ထင်နေလား ""အဲ့ကိစ္စကြောင့်ဆိုရင် ဟန်နီတာဝန်သာ ထားလိုက်တော့ ကိုကိုသိပါတယ်...ကိုကို့အမေကို ဟန်နီ ဘယ်လို နားချပေးခဲ့လည်းဆိုတာကို "
ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေတဲ့ ပပဟန်နီကို ဘုန်းမြတ်ကိုကြည့်ရင်း သက်ပြင်းချမိ၏။
ပပဟန်နီမိဘတွေက ဘုန်းမြတ်ကိုမိဘတွေလို အတွေးအမြင်ပိုင်းမှာ ခေတ်မိကြသူများမဟုတ်ပေ။"ရှင်းပါဦး ဟန်နီ ငါ့ညီမလေးနဲ့ ဘယ်အချိန်ကတည်းက ဒီလိုဆက်ဆံရေးမျိုးလဲ "
မေးမှဖြစ်မည်။ ဟန်နီနဲ့ ဘုန်းမြတ်ကို မိဘချင်းကမ်းလှမ်းထားတာ ပြတ်သွားတဲ့ကိစ္စအပေါ် အားလုံးက ဘုန်းမြတ်ကိုကိုသာ အပြစ်ဆိုကြ၏။
ဥစ္စာပေါ ရုပ်လည်းချော လိမ္မာရေးချားရှိပြီး ရုပ်ရည်ရူပကာပြည့်စုံလှတဲ့ ပပဟန်နီလို မိန်းမချောလေးကို ရွေးခြယ်ရမည့်အစား တစ်ကိုယ်လုံးလိုလို တတ်တူးအပြည့်နဲ့ ဂျစ်ကန်ကန်လူမိုက်လေးကို အိမ်ထောင်ဖက်အဖြစ် ရွေးသွားတဲ့ ဘုန်းမြတ်ကိုဟာ အများအမြင်မှာ တကယ်မိုက်မဲလွန်းလှတဲ့ ငတုံးကြီးလိုလို။
ကာယကံရှင် သုံးဦး၏ စိတ်ကိုကျော်ချပြီး တွေးကြည့်ပါမယ်ဆိုရင် ဘေးလူတွေအတွက်နားလည်ဖို့ ခက်လှပါသည်။
YOU ARE READING
မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေး
Romance보 미 ဆိုတဲ့ Facebook အကောင့်လေးကနေ တင်ထားတဲ့ BL fic လေးတစ်ပုဒ်ကို ဒီ WP လေးမှာ ပေါင်းတင်ပေးလိုက်ပါတယ်နော်... Facebook မှာ တင်ထားတဲ့ Date အတိုင်းပဲ Up လိုက်ပါတယ်... Facebook link မှာ ဖတ်ချင်တယ် ဆိုရင်လည်း Link လေးချပေးထားပါ့မယ်ရှင့်... ဖတ်ပေးတဲ့ Reade...