# ZG
" လုပ်လေ..."
"......."
စကားတစ်ခွန်းမှ ပြန်မပြောနိုင်ပဲ စွံအနေတဲ့ နွေးထွေးမောင်ကို ကြည့်ပြီး မဲ့ပြုံးတစ်ချက်ပြုံးကာ ဘုန်းမြတ်ကို သတိပေးလိုက်သည်။
အပေါ်လွှာရှိသမျှ အဝတ်အစားအကုန် ချွတ်လိုက်၍ boxer တစ်ထည်တည်းသာချန်ထားပြီး အရန်သင့် ကုတင်ပေါ်သွားကာ မှောက်တောင်ထားပေးလိုက်၏။နွေးထွေးမောင်က တံခါးပေါက်မှာပင် မလှုပ်မရပ် ရပ်နေဆဲပင်။
"ဘာရပ်လုပ်နေတာလဲ လာတော့ မင်းလုပ်ချင်သပ ဆိုလို့ ကိုယ် ခွင့်ပြုပေးထားတာလေ..."
"အာ...အင်းပါ "
ခြေတစ်လှမ်းချင်း ရွေ့လာပြီး ကုတင်ပေါ်တန်းမတက်သေးပဲ ဘေးတစ်စောင်းထိုင်ချလိုက်သော နွေးထွေးမောင်ကို ပြုံးတုံးတုံး နဲ့ ပိုးတုံးလုံး စတိုင်လှဲပြီး ဘုန်းမြတ်ကို ကြည့်နေလိုက်၏။
ကောင်မလေးတွေနဲ့တောင် ခန္ဓာကိုယ်နှီးနှောမှု အတွေ့အကြုံမရှိတဲ့ နွေးထွေးမောင်မှာ ဘယ်ကစ လုပ်လို့ လုပ်ရမှန်းမသိဖြစ်နေချေပြီ။
[ ဒုက္ခပါပဲ...ဘယ်ကနေ စပြီးထိရမှာလဲကွာ
သူငါ့ကို လာပွတ်သပ်သလို ကျောကနေစရမှာလား
ပြီးတော့ရော သူရဲ့ abs တွေကို....အားး မသိတော့ဘူးကွာ ကိုင်ချင်ရာသာ ကိုင်ပစ်လိုက်တော့မယ်...]နွေးထွေးမောင် ကယောင်ကတမ်းနဲ့ မှောက်လျက်လှဲနေတဲ့ ဘုန်းမြတ်ကိုရဲ့ ကျောပြင်ကို စကိုင်ဖို့ လက်ကို တုန်တုန်ရီရီနဲ့ လှမ်းနေ၏။
တွန့်ဆုတ် တွန့်ဆုတ်နဲ့ လုပ်နေတဲ့ ကောင်လေးကို ဘုန်းမြတ်ကို ခေါင်းလှည့်ကြည့်ကာ ရုတ်တရက်ပလက်လန်ပစ်ပြီး နွေးထွေးမောင်ရဲ့ လက်တဖက်ကို ဆွဲချကာ သူရင်ခွင်ထဲ ပစ်သွင်းပစ်လိုက်၏။
ဆောင့်ဆွဲလိုက်တာကြောင့် လန့်ပြီး လှမ်းနေသောလက်မှာ ထောက်မိထောက်ရာ ထောက်လိုက်တော့၏။
" အားး...ဘာကြီးလဲ "
"အို့...မင်းလေးက စိတ်လောနေတာပဲ တဆင့်ချင်းမတက်တော့ဘူးလား အဓိကဆီကိုပဲ တန်းသွားတော့မယ်ပေါ့...ကြိုက်တယ် ကိုယ်လည်း အဲ့လိုပွင့်လင်းနေတာမျိုး..."
YOU ARE READING
မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေး
Lãng mạn보 미 ဆိုတဲ့ Facebook အကောင့်လေးကနေ တင်ထားတဲ့ BL fic လေးတစ်ပုဒ်ကို ဒီ WP လေးမှာ ပေါင်းတင်ပေးလိုက်ပါတယ်နော်... Facebook မှာ တင်ထားတဲ့ Date အတိုင်းပဲ Up လိုက်ပါတယ်... Facebook link မှာ ဖတ်ချင်တယ် ဆိုရင်လည်း Link လေးချပေးထားပါ့မယ်ရှင့်... ဖတ်ပေးတဲ့ Reade...