အပိုင်း < 7 >

585 35 0
                                    

#ZG

"ကျွန်တော် အလုပ်လုပ်ချင်လို့ ဒီလိုကြီးတော့ မနေနိုင်ဘူး..."

"မင်း အလုပ်လုပ်ချင်ရင် ကိုယ့်စက်ရုံမှာ လုပ်လို့ရတာပဲ "

"မတူဘူးလေ...ကျွန်တော့်အရည်အချင်းနဲ့ ကိုယ်တိုင်ရှာလို့ရတဲ့ အလုပ်ကိုပဲ လုပ်ချင်တာ"

"မရူးစမ်းနဲ့ကွာ...ဒေါ်လေးက ဘာမှာထားလဲ
အခု မင်းကို ကို့ယ်လက်ထဲမှာ စောင့်ရှောက်ဖို့ အပ်ထားတော့ မင်းကိစ္စတိုင်းအတွက် ကိုယ်မှာ တာဝန်အပြည့်ရှိတယ် ကိုယ်ပြောစကား နားထောင်စမ်းပါကွာ...အပြင်မှာ အလုပ်လုပ်မယ့်ကိစ္စ ထပ်မပြောနဲ့..."

"ခင်ဗျား အဲ့လို လုပ်လို့ရလား ကျွန်တော်က ခင်ဗျား မွေးထားတဲ့ သားလည်းမဟုတ်ဘူး နေရာတကာ လာမချုပ်ချယ်နဲ့ ဒီလိုနေရတာ ငြီးငွေ့နေပြီ ကျွန်တော်က အရွယ်ရောက်နေပြီ အရာရာကို ကိုယ်ဘာသာ ဆုံးဖြတ်မယ်"

"မင်းရဲ့ ဒီလိုပုံစံနဲ့ အလုပ်လျှောက်မယ်ပြောတာလား..."

"ခင်ဗျား...ဘာသဘောပြောတာလဲ "

မုန်းလိုက်တာ။ လူကို အထင်သေးသလိုအချိုးနဲ့ လာကြည့်နေတာ။ သူ ကိုယ့်ကို ဆက်ဆံနေတဲ့ပုံက ပြသာနာကောင်ကို ထိန်းသိမ်းထားရတဲ့ အုပ်ထိန်းသူအချိုးမျိုး။ အမေကလည်း ကိုယ့်သား ခံစားချက်ကို နားမလည်ပဲ ဒီလိုလူရဲ့ လက်ထဲ အပ်ထားရက်တယ်။ မှာလိုက်တာကိုက နင် မိဘအပေါ် နားမလည်လာမချင်း၊ကိုယ့်အမှားကို မပြင်နိုင်မချင်း အိမ်ပြန်မလာနဲ့တဲ့ဗျ...။

အခုဆို သူ့အိမ်မှာ နေနေတာ နွေးထွေးမောင် နှစ်လကျော်နေပြီ။ အပြင်မှာ သူငယ်ချင်းတွေနဲ့ အချိန်ကုန်လေ့ရှိတဲ့ လူငယ်လေးတစ်ယောက်အတွက် နှစ်လကျော်အချိန် ခြေချုပ်မိခြင်းသည် အချုပ်နှစ်နှစ်လောက်ကျသလို မွန်းကြပ်လှ၏။ ဒီလူမျက်လုံးအောက်က နာရီ အနည်းမျှ လွတ်လိုလွတ်ငှါး လမ်းရှာကြည့်ဖို့ နွေးထွေးမောင် စဉ်းစားကြည့်၏။ အလုပ်လုပ်မယ်ဆိုရင် ဒီလူနဲ့ ခဏတော့ ခွဲနေလို့ရပြီမလား။

ဟုတ်တယ် သူအလုပ်လုပ်နေရင် ဒီလူနဲ့ အချိန်အတော်ကြာဝေးနိုင်သည်၊ ကံကောင်းရင် အမေကလည်း သူ့ကို အိမ်ပြန်ခေါ်နိုင်၏။

မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေးWhere stories live. Discover now