#ZG
"အိမ်ဂျယ်..."
နွေးထွေးမောင် ဖုံးလွှမ်းထားတဲ့ အဝတ်ဖြူဖြူကို မဝံ့မရဲ့ ဖြည်းဖြည်းချင်း ဆွဲဖယ်လိုက်၏။
"ဟာ "
ငိုကြွေးထားသလို ဖောင်းမို့နေတဲ့ မျက်ဝန်းအစုံဖြင့် ဝမ်းနည်းနာကျင်စွာ အိပ်စက်နေတဲ့ အမျိုးသမီးငယ်လေး တစ်ဦး။
မနက်ကမှ သူနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး စကားများငြင်းခုံခဲ့ကြသေးသည်။
အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့ နွေးထွေးမောင် ဦးနှောက်က ချက်ချင်းလက်မခံနိုင်သေးပေ။အိမ်ဂျယ်နဲ့တွေ့ပြီး စကားတွေ ပြောခဲ့တဲ့ အကြောင်းတွေဟာ ရုပ်ရှင်မြင်ကွင်းတစ်ခုလို ပိတ်ကားထက်မှာ အစီအရီပေါ်လာသည့်နှယ်။
ခေါင်းတစ်ခုလုံးလည်း မူးနှောက်လာပြီး ရပ်တံ့နေတဲ့ ခြေထောက်တွေက ညွှတ်ခွေကျလာ၏။
တစ်ကိုယ်လုံး ကြမ်းပြင်ပေါ် လဲပြိုမကျလာခင် အတူတူလိုက်လာပေးတဲ့ ဘုန်းမြတ်ကိုက နွေးထွေးမောင်ကိုယ်လေးကို ဖေးမထိန်းပေးထား၏။"ဘာဖြစ်လို့လဲ...ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ"
မယုံနိုင်ခြင်းများစွာနဲ့အတူ စကားတစ်ခွန်းထဲကိုပဲ နွေးထွေးမောင် တောင်စဉ်ရေမရ ရွှတ်နေမိ၏။
"အစ်ကို အိမ်ဂျယ်သေသွားတာ ကျွန်တော့်ကြောင့်လား...သူ သေသွားတာ ကျွန်တော်ကြောင့်..."
"မဟုတ်ပါဘူး နွေး...ဘာကြောင့်လဲဆိုတာ ကိုယ်စုံစမ်းပေးမယ်နော်...နွေးကြောင့် မဟုတ်တာ သေချာပါတယ်...နွေး သတိထားပါဦး..ကိုယ့်ကို ကြည့်စမ်း သတိထားဦး "
ရုတ်တရက် ရှော့ရသွားတာကြောင့် ဝမ်းနည်းစိုးထိတ်လွန်းမှုက နွေးထွေးမောင်လည်ချောင်းထဲမှာ တစ်စုံတစ်ခု ပိတ်ဆို့နေသလို။
ရင်ခေါင်းထဲထိ ထိုတစ်စုံတစ်ခုက တောင့်ခံနေသလိုမို့ မြိုချပစ်လည်းမရ၊ မျက်ရည်တောင် မကျနိုင်တဲ့အထိ နွေးထွေးမောင် စိတ်လွတ်သွား၏။
ကြောင်စီစီ မျက်လုံးအစုံနဲ့ ဘုန်းမြတ်ကို လက်ကို ဆုပ်ကိုင်ထားပြီး မေးခွန်းတစ်ခုကိုပဲ ထပ်တလဲလဲ မေးမြန်းနေဆဲ။
YOU ARE READING
မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေး
Romance보 미 ဆိုတဲ့ Facebook အကောင့်လေးကနေ တင်ထားတဲ့ BL fic လေးတစ်ပုဒ်ကို ဒီ WP လေးမှာ ပေါင်းတင်ပေးလိုက်ပါတယ်နော်... Facebook မှာ တင်ထားတဲ့ Date အတိုင်းပဲ Up လိုက်ပါတယ်... Facebook link မှာ ဖတ်ချင်တယ် ဆိုရင်လည်း Link လေးချပေးထားပါ့မယ်ရှင့်... ဖတ်ပေးတဲ့ Reade...