အပိုင်း < 6 >

661 33 0
                                    

# ZG

"နွေးထွေး လာ မားကို ဓာတ်ပုံရိုက်ပေးဦး "

"ထပ်ရိုက်ဦးမှာလား...မ "

"အွန်း...ခုနပုံက သိပ်မလှသေးဘူး IG မှာတင်မယ့်ပုံတွေနဲ့ profile ပုံနဲ့ လုံးဝတူလို့မဖြစ်ဘူး..."

"ဘယ်လိုပဲ နေနေ မက လှပြီးသားပါဗျ...photo မော်ဒယ်တွေတောင် မ လောက်မလှနိုင်ဘူး..."

ဘုန်းမြတ်ကို ပန်းခြံထဲက ခုံတန်းပေါ်ထိုင်ရင်း ရှေ့မှာ ပျော်မြူးနေတဲ့ သူနှစ်ယောက်ကို မျက်မှောင်ချိုးကြည့်နေ၏။ သူနဲ့တွေ့ရင် ' ခင်ဗျား၊ ဘိုးတော် ' ဆိုပြီး မလေးမစားခေါ်တတ်တဲ့ ကောင်လေး၊ သူ့ မှာ ဒီကောင်လေးကို ချစ်၍သာ ဘုန်းမြတ်ကို ဘယ်လိုခေါ်ခေါ်ဆိုပြီး ခွင့်ပြုခဲ့တာ။ အခုကြည့် သူနဲ့ သိတာတောင် တစ်ပတ်မပြည့်သေးတဲ့ ပပဟန်နီကို ဖော်ဖော်ရွေရွေ ခေါ်နေပုံက မ မ နဲ့ တစ်မတည်း မ နေတာ ဘုန်းမြတ်ကို အမြင်မကြည်ချင်တော့။

ပပဟန်နီဆိုတဲ့ ကလေးမကလည်း အရင်ကဆို သူနဲ့သဘောတူထားပါတယ်ဆိုတဲ့ ကိုယ့်ဆီကို တစ်လမှ တစ်ခေါက်တောင်မရောက်။ မေမေက အတင်းခေါ်တာဖြစ်ဖြစ် သူ့မိဘတွေက အလည်လွှတ်တာဖြစ်ဖြစ်မှ ကိုယ့်ဆီ လာလည်တဲ့အမျိုး။ အခုတော့ နွေးထွေးမောင် ကိုတွေ့တာနဲ့ ခင်လွန်းလို့ပါဆိုပြီ ကိုယ့်အိမ်ကို ချောင်းပေါက်မတတ်လာနေတော့တာပဲ။ ဟူး....။
အခုလည်း ကိုယ့်ပုံက မသိရင် သူများအတွဲကြား လိုက်လာမိတဲ့ အပိုလူ တစ်ယောက်လိုတောင် ခံစားလာရတယ်။

မမဟန်နီက တကယ်ချစ်ဖို့်ကောင်းတာ၊
သူတွဲခဲ့ဖူးတဲ့ ကောင်မလေးတွေနဲ့ လုံးဝမတူဘူး၊ စကားပြောတာ ဟန်ဆောင်မှုမရှိတဲ့အပြင် ရုပ်ရည်ကလည်း ကိုရီးယားမင်းသမီးလေးလို တကယ်ချောမောတာ။
ဒီလို မိန်းကလေးမျိုးကို မရွေးချယ်တဲ့ ကောင်လေးက တော်တော်ကန်းလို့ပဲ။
ဟိုဘိုးတော် မကြိုက်လည်း သူပဲ ရအောင်လိုက်မှာ။
မ က နွေးထွေးထက် သုံးနှစ်လောက်ကြီးတယ်။
အသက်အရွယ်ကလည်း အရမ်းမကွာတဲ့အပြင် မ က သူအကြိုက်ပုံစံလည်း ဖြစ်နေသည်။

သူ့ရှေ့မှာ ပြုံးပြီး ပိုစ့်အမျိုးမျိုးပေးနေတဲ့ မ ကို နွေးထွေးမောင် သွားတန်းဖြူဖြူများ ပေါ်အောင် ရယ်ပြလိုက်ပြီး မ စိတ်ကြိုက် ဓာတ်ပုံလေးတွေ လှအောင်ရိုက်ပေးလိုက်၏။

မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေးWhere stories live. Discover now