#ZG
ဒေါ်စန္ဒာ့ဇာတိရွာငယ်လေးရှိ ဘုန်းကြီးကျောင်းလေးရဲ့ တိတ်ဆိတ်နေတဲ့ ပရဝှဏ် အတွင်း၌ဖြစ်၏။
ကျောင်းဝန်းလေးက အတော်အတန်ကျယ်ဝန်းပြီး ခြေတံရှည်ကျောင်းငယ်လေး သုံးကျောင်းသာရှိသည်။ကျောင်းငယ်လေးဖြစ်တာကြောင့် တစ်ကျောင်းလုံးတွင်မှာ ဦးဇင်းသုံးပါးနဲ့ ကိုရင်လေးနှစ်ပါးသာရှိ၏။
စိမ်းစိုနေတဲ့ တမာပင်၊ မန်းကျည်းပင်ကြီးတွေမှာ မြင့်မားလျက်ရှိနေပြီး ကျောင်းတစ်ခုလုံးနီးပါး အရိပ်အာဝါသပေးထား၏။အသက်ကြီးကြီး အမျိုးသားကြီးတစ်ဦးက ကျောင်းပတ်ဝန်းကျင်ထဲမှာ ကျနေတဲ့ သစ်ရွက်ကြွေတွေကို လှည်းကျင်းရင်း မေတ္တာသုတ်ကို ရွှတ်ဖတ်ပူဇော်နေ၏။
ကျောင်းဆောင်လေးတစ်ဆောင်ရှေ့က ကွတ်ပျစ်လေးပေါ်မှာ ထိုင်နေကြတဲ့ ကိုရင်လေးသုံးပါးဆီက စာအံသံတစ်ချို့မှလွယ်၍ ပရဝုဏ်တစ်ခုလုံး ဘုရားရိပ်တရားရိပ်ကြောင့် တိတ်ဆိတ်အေးချမ်းလျက်ရှိ၏။
ကျောင်းတစ်ခုလုံး တရားသံများဖြင့် ထုံလွှမ်းနေတာကြောင့် ဘုန်းမြတ်ကို ရင်ထဲ အေးချမ်းကြည်နူးမိသလို ပြောမပြတတ်အောင်လည်း ဝမ်းနည်းလာမိ၏။
တစ်ချက်ချက် ဘုန်းမြတ်ကိုတို့ထိုင်နေတဲ့ ကျောင်းဆောင်နဲ့ အတော်ဝေးတဲ့ ကျောင်းဆောင်ငယ်လေးဆီကနေ ဘုန်းဘုန်းတစ်ပါးရဲ့ ဘုရားရှိခိုးပူဇော်ရွှတ်ဖတ်နေတဲ့တရားသံကိုလည်း ကြည်ညိုစွာကြားနေရပြန်၏။
ပပဟန်နီက ပူဇော်ကပ်လှူရန်ပါလာတဲ့ ပန်းတွေကို ဘုရားပန်းအိုးထဲ စီစီရီရီ လှပစွာစိုက်ထည့်နေသည်။
ဒေါ်စန္ဒာကတော့ ပုလ္လင်ပေါ်မှာ စံမြန်းတော်မူနေတဲ့ ရုပ်ပွားတော်ကို ကြည်ညိုစွာ ရှိခိုးကန်တော့နေ၏။ဘုန်းမြတ်ကိုလည်း ဒေါ်လေးဘေးနားကနေ ထိုင်ပြီး ရုပ်ပွားတော်ကို ဦးချပြီးတာနဲ့ ကျောင်းဆောင်ပေါ်ကနေဆင်းကာ လမ်းလျှောက်နေလိုက်၏။
ဒီနေ့ ကျောင်းငယ်လေးမှာရှိတဲ့ ရဟန်းသံဃာတော်များကို နေ့ဆွမ်းဆပ်ကပ်မှာဖြစ်၏။
ဒေါ်လေးက သူ့သား ဦးဇင်းလေးကို တစ်ပတ်တစ်ခါ သားဖြစ်သူ မွေးနေ့နံရက်တိုင်းမှာ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ လာလှူသည့်အကြောင်းကို ပပဟန်နီဆီမှ သိရှိခဲ့၏။
YOU ARE READING
မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေး
Romance보 미 ဆိုတဲ့ Facebook အကောင့်လေးကနေ တင်ထားတဲ့ BL fic လေးတစ်ပုဒ်ကို ဒီ WP လေးမှာ ပေါင်းတင်ပေးလိုက်ပါတယ်နော်... Facebook မှာ တင်ထားတဲ့ Date အတိုင်းပဲ Up လိုက်ပါတယ်... Facebook link မှာ ဖတ်ချင်တယ် ဆိုရင်လည်း Link လေးချပေးထားပါ့မယ်ရှင့်... ဖတ်ပေးတဲ့ Reade...