# ZG
" မဟန်နီ အပေါ်တက်သွားလို့်မရပါဘူး နေဦး မဟန်နီ "
"ဘာလို့လဲ ခါတိုင်းလည်း ကိုကို့ဆီကို လာနေကျကို ဒီနေ့မှ အထူးအဆန်းလုပ်လို့ ဖယ်ပေး"
အေးနောင် ဘာပြောရမှန်းမသိ။ ပပဟန်နီ ဆိုတဲ့ မိန်းကလေးက သွက်လက်ချက်ချာပေမယ့် တဇွတ်ထိုးကလုပ်တတ်သေး။ Boss အမေ ပစားပေးထားတော့ Boss အပေါ်ဆို အနိုင်ကကျင့်ချင်တယ်။ Boss ကလည်း သူ့အမေကို အားနာပြီး အဲ့ကောင်မလေးနဲ့ အလိုက်အထိုက်နေပေးနေရတာ။ သူက Boss ညီမတစ်ဝမ်းကွဲရဲ့သူငယ်ချင်းလေ။ Boss နဲ့ ဟန်နီရဲ့ မိဘတွေက ဘီယာထုတ်လုပ်တဲ့ စက်ရုံတွေအသီးသီးပိုင်ဆိုင်ကြတော့ မျက်နှာသိလုပ်ငန်းရှင်တွေဖြစ်ကြတယ်။ Boss အမေက ဟန်နီကို ချွေးမအဖြစ် ကမ်းလှမ်းထားသေးတယ်။
ဒါကြောင့် ဟန်နီက ဆိုင်မှာရော စက်ရုံမှာပါ တံခါးမရှိ ဓားမရှိ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေတာပေါ့။အခုလည်း အေးနောင် တားနေတဲ့ကြားထဲကနေ အပေါ်ထပ်က Boss အခန်းကို တန်းနေအောင် ပြေးသွားပြီ။ အေးနောင် သက်ပြင်းချပြီး ဟန်နီ့နောက်ကနေ ပြေးလိုက်ရတော့တယ်။ အခု Boss အခန်းထဲမှာ သူစိမ်းယောင်္ကျားလေး ဧည့်သည်ရှိနေတယ်မလား။
ဂျောက်...
"ကိုကိုရေ ဟန်နီ့ကို မုန့်လိုက်ဝယ်ကျွေး...
ဟင်? ""အားး...မင်းဘယ်သူလဲ "
ခါးနာနေတာကြောင့် ကုတင်ပေါ်ကနေ အားယူဆင်းလာတဲ့ နွေးထွေးမောင်တစ်ယောက် ကြမ်းပြင်ပေါ် ခြေတစ်ဖက်ချရသေးတယ် မိန်းကလေးတစ်ယောက် တံခါးဖွင့်လာတာတွေ့တော့ အသေအလည်း လန့်ပြီးအော်တော့သည်။ ဝင်လာတဲ့ ကောင်မလေးကလည်း နွေးထွေးမောင်ကို မျက်တောင် တစ်ချက်မှမခတ်ပဲ စိုက်ကြည့်နေ၏။ နွေးထွေးမောင် ကိုယ်ပေါ်မှာလည်း စောင်အပါးတစ်ထည်က လွဲလို့ ကျန်တာ ဗလာနတ္ထိ။
"ဘာလို့စိုက်ကြည့်နေတာလဲ ဟိုဘက်လှည့်"
"ဘာလို့လှည့်ရမှာလည်း နင်ကဘာလို့ ကိုကို့ ကုတင်ပေါ်ရောက်နေတာလဲ..."
"ငါကရော နင့်ကို ဘာလို့ရှင်းပြစရာလိုမလဲ "
"ဟဲ့...ရှင်းပြရမှာပေါ့ ငါက ကိုကို့ဇနီးလောင်းလေ "
YOU ARE READING
မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေး
Romance보 미 ဆိုတဲ့ Facebook အကောင့်လေးကနေ တင်ထားတဲ့ BL fic လေးတစ်ပုဒ်ကို ဒီ WP လေးမှာ ပေါင်းတင်ပေးလိုက်ပါတယ်နော်... Facebook မှာ တင်ထားတဲ့ Date အတိုင်းပဲ Up လိုက်ပါတယ်... Facebook link မှာ ဖတ်ချင်တယ် ဆိုရင်လည်း Link လေးချပေးထားပါ့မယ်ရှင့်... ဖတ်ပေးတဲ့ Reade...