အပိုင်း < 15 >

431 25 0
                                    

#ZG

ဒေါက်...ဒေါက်...ဒေါက်

"ခဏလေး...အခုပဲ ဆင်းလာမယ်လို့ ပြောလိုက် "

ဆိုင်က နွယ်လေး တံခါးလာခေါက်တယ် ထင်ပြီး နွေးထွေးမောင် အသံတစ်ချက်ပြုလိုက်၏။
အော်ပြောလိုက်တဲ့ အသံက တည်ငြိမ်နေပေမယ့် လူက ထိုင်ရမလို ထရမလို ခြေတုန်ချတုန်။

"ကိုယ်ပါ နွေး "

ဘုန်းမြတ်ကို အသံကြားမှ သက်ပြင်းတစ်ချက်ချ၏။
သို့သော် စိတ်နှလုံးက ဒုန်းဒုန်းမချနိုင်သေး။
ရုတ်တရက်ကြီး လာတောင်းခံရလိမ့်မယ်လို့ မထင်ထားတာကြောင့် ဧည်ခန်းမှာ ရောက်နေနှင့်လေသော လူကြီးများနဲ့ မျက်နှာချင်းဆိုင်ဖို့ နွေးထွေးမောင် တစ်ယောက် ကတုန်ကယင်ဖြစ်နေတော့၏။

အလွန်အမင်း တုန်လှုပ်နေတဲ့ ရင်အစုံကြောင့် စိတ်လှုပ်ရှားလွန်း၍ အသက်ရှူကြပ်လာသလိုပင်။
ဒီလူကြီးတစ်ယောက်ကတော့ လုပ်လိုက်ရင် ပြောစရာနဲ့ ဆိုစရာဖြစ်အောင် အမြဲလုပ်၏။

မနေ့က အိမ်ပြန်ရောက်ရောက်ချင်း သူ့ကို သတိတရ အလျင်ဦးစွာ ပြန်ရောက်ပါပြီလို့ သံတော်ဦး တင်မိတာ ကိုယ့်အမှား။
အခုတော့ မပြောမဆိုနဲ့ မနေ့ညကပဲ ကိုယ့်မိဘတွေနဲ့ လူကြီးအချို့ ခေါ်လာမယ်ဆိုတော့၏။

သြော် လူကြီးတွေ ခေါ်လာမယ်ဆိုလည်း အလည်သဘောနေမှာပါလေ ခေါ်လာပါလေ့စေ ခွင့်ပြုမိကာမှ နွေးထွေးမောင် ငါးပါးမှောက်တော့၏။
အခုတော ကိုယ်ဟာ တောင်းရမ်းခံရသူ သတို့သားတစ်ယောက်ဖြစ်နေသည်၊ မေမေက အခုထိတော့ သဘောမကျတဲ့ပုံစံမျိုး မပြောသေး၊ အားလုံးပြန်သွားမှ သူအဆူခံရတော့မည်။

စိတ်ထဲမှာ ဘာပြင်ဆင်မှုမှ မလုပ်ရသေးခင် ဘုန်းမြတ်ကိုက အခန်းပေါက်ဝအရောက် လာခေါ်နေပြီ။
စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်မရှိတဲ့ ခေါင်းကို တဗြင်းဗြင်းကုတ်မိတော့၏။

အခန်းတွင်း အောင်းတွေးတော့နေရုံနဲ့ ပြီးမှာ မဟုတ်တာကြောင့် အခန်းတံခါး ထဖွင့်ပေးလိုက်၏။

"ခင်ဗျား လုပ်ပုံကောင်းသေးရဲ့လား အွန့် "

တံခါးဖွင့်ဖွင့်လိုက်ချင်း ဝင်လာတဲ့သူက လှစ်ခနဲ့ ဆွဲခေါ်သွားပြီး တံခါးကို နောက်ပြန်ဆောင့်ပိတ်ကာ နွေးထွေးမောင်ကို နံရံ၌ ဖိကပ်ထား၏။
သုံးလနီးပါးလောက် လွမ်းမောနေခဲ့ရတဲ့ နှုတ်ခမ်းပါးလေး တစ်စုံအား ချိန်ကိုက်စရာမလို နေရာတကျ အံကိုက် နမ်းကာ မက်မက်မောမော စုပ်ယူငုံထွေးလိုက်၏။

မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေးWhere stories live. Discover now