# ZG
" ကျွန်တော် ဘယ်လိုမှ လက်မခံနိုင်ဘူး..."
"ဒါပေမယ့် ကတိက ကတိပဲလေ..."
" အဲ့တုန်းက ဒီတိုင်းပဲ ပြောခဲ့တာ အစ်ကို အတည်ယူစရာ မလိုဘူးနော်...နော်လို့ နောက်ဆို ကျွန်တော် တကယ်မဆိုးတော့ဘူး ရန်လည်းမဖြစ်တော့ဘူး ဒီတစ်ခါ အတည် တကယ်ပြောတာ"
ခင်ဗျားကနေ အစ်ကို ဖြစ်အောင် ပြောင်းခေါ်နေတဲ့
စောစောက စိတ်တိုနေတဲ့မျက်နှာလေးဟာ သူမဟုတ်တဲ့အတိုင်းပင်။ ဘုန်းမြတ်ကိုရဲ့ လက်မောင်းကို နွေးထွေးမောင်ရဲ့ လက်လေးနှစ်ဖက်နဲ့ လှုပ်ရမ်းရင်း မျက်ဝန်းလေးတွေက အသနားခံနေသေးသည်။ ဒါလား စောနက သူများခေါင်းကို ပုလင်းနဲ့ရိုက်လိုက်လို့ လောလောလတ်လတ် အချုပ်ထဲက ထုတ်ခဲ့ရတဲ့ လူဆိုးလေးဆိုတာ
ဘုန်းမြတ်ကို မယုံနိုင်အောင်ဖြစ်ရသည်။ဒီအဆိုးလေးရဲ့ ချစ်စရာကောင်းတတ်သော တစ်ဖက်ခြမ်းကို ဘုန်းမြတ်ကို တစ်ယောက်တည်းသာမြင်ဖူးသည်။
ငယ်စဉ်ကတည်းက ထိန်းကျောင်းလာရင်း မိခင်ကိုတောင် မချွဲနွဲ့ဖူးတဲ့ နွေးထွေးမောင်က ဘုန်းမြတ်ကို ကိုတော့ စကားပလီပလာပြောပြီး ချွဲလိုက်ရင်ဖြင့် ထိုလူပျိုကြီးရဲ့ နှလုံးသားတွေမှာ ကြွေကျရမြဲပင်။" ဟား...မင်းပြောတာကို အမြဲလိုက်လျောနေရတာ ပျင်းလာပြီ..."
"မပျင်းပါနဲ့ ပျင်းရင် အစ်ကိုပျော်အောင် တစ်နေရာရာသွားမယ်လေ ကျွန်တော်လိုက်ပို့ပေးပါ့မယ်..."
"အခု မင်းဘယ်သူ့ကားပေါ်ရောက်နေတာလဲ ကြည့်ဦး မင်းကားကရော ဘယ်နားထားခဲ့လဲ "
"အာ...ဟုတ်သားပဲ အစ်ကို့ဆိုင်ရှေ့မှာ ရပ်ထားခဲ့တယ်...အစ်ကို့ကားနဲ့ပဲသွားမယ်လေ ကျွန်တော်မောင်းလိုက်မယ် "
"တော်ပါ...ဘယ်မှ မသွားဘူး မင်းအမေစိတ်ပူနေတယ် အိမ်ပြန်ကြမယ်..."
"အင်းပါ...ဒါဆိုလည်း ပြန်ကြတာပေါ့ "
နွေးထွေးမောင် ကြိတ်ပြုံးလိုက်သည်။ သူ စကားလမ်းကြောင်းလွှဲတာ အောင်မြင်သွားတာမလား။
စန္ဒာ မြန်မာဘူဖေးထမင်းဆိုင် လို့ ဆိုင်းဘုတ်ချိတ်ထားတဲ့ လေးထပ်တိုက်ရှေ့ရောက်တော့ ဘုန်းမြတ်ကို ကားရပ်လိုက်သည်။ ကားပေါ်ကနေ လျင်လျင်မြန်မြန် မဆင်းပြေးရုံတမယ် ဆင်းသွားတဲ့ နွေးထွေးမောင်က လျင်မြန်စွာ နှုတ်ဆက်၏။
YOU ARE READING
မောင့်ရဲ့ နွေးနွေးထွေးထွေး အချစ်လေး
Romance보 미 ဆိုတဲ့ Facebook အကောင့်လေးကနေ တင်ထားတဲ့ BL fic လေးတစ်ပုဒ်ကို ဒီ WP လေးမှာ ပေါင်းတင်ပေးလိုက်ပါတယ်နော်... Facebook မှာ တင်ထားတဲ့ Date အတိုင်းပဲ Up လိုက်ပါတယ်... Facebook link မှာ ဖတ်ချင်တယ် ဆိုရင်လည်း Link လေးချပေးထားပါ့မယ်ရှင့်... ဖတ်ပေးတဲ့ Reade...