Intro

12K 294 61
                                    

[အရင်ဆုံးပြောချင်တာက Last tear (season 2) ဟာကျွန်တော်ကိုယ်တိုင်စိတ်ကူးပုံဖော်ပြီးရေးခြင်းမဟုတ်ပါ...BTS JiKook OTP FanFic တခုဖြစ်တဲ့ "မောင်" ကို Copy လုပ်ထားတာပါဗျ....Author ကိုသေချာပြောပြပြီးခွင့်ပြုချက်ရမှ ရေးခြင်းဖြစ်ပါတယ်...ဒီကိစ္စနဲ့ပက်သပ်ပြီး တခုခုဆဲချင်ဆိုချင်တယ်ဆိုရင် Original  Author နဲ့ဘာမှမသက်ဆိုင်ကြောင်း ကျွန်တော့်တယောက်ထဲကိုဘဲဆဲဆိုကြပါဆိုတဲ့အကြောင်းကိုပါတပါထဲထည့်ပြောချင်ပါတယ်...ဟုတ်ကဲ့စာစဖတ်လို့ရပါပြီ...]

ဆုတောင်းခြင်းတဲ့လား....

ဆုတောင်းတွေကိုယုံလား  ကျွန်တော်တော့မယုံဘူး အမြဲတမ်း ချဲပေါက်ပါစေလို့ ဆုတောင်းပင်
မယ့် တခါမှမပေါက်ဘူးဆိုတော့ ဆုတောင်းတွေကမပြည့်ဘူးပေါ့နော်.....

ဒါဆိုထပ်မေးမယ်....

ဆုတောင်းမှားခြင်းဆိုတာကိုယုံလား....

အကြွေးတောင်း ဖို့လာခဲ့တဲ့ရေစက်ဆိုးတွေနဲ့ အကြွေးဆပ်ဖို့စောင့်ကိုစောင့်နေရတဲ့ ရေစက်ဆိုးတွေသည် ထာဝရမလှပနိုင်.......
နှစ်ပေါင်းထောင်ချီနေတဲ့အထိ ကိုတည်တံ့နေတဲ့အမုန်းတွေသည် သိပ်ကိုလှပလွန်းသည်...

ကျိန်စာ..ဆုတောင်း.. တိုင်တည်မူတွေဟာ စိတ်အားထက်သန်မူပြင်းထန်လွန်းလျှင် အသေအချာကိုထိရောက်နိုင်ပါသည်...

(အဲ့ဒါကြောင့် ချဲထိုးပြီးဆုသေချာတောင်းလို့ပြောတာ)

နောင်ဘဝဆိုတာကိုကောယုံလား.... ယုံတယ်...ယုံကိုယုံရမယ်...

တောက်လောင်နေတဲ့အမုန်းအာဂတတွေကို ဘဝတခုပြီးတဲ့အထိမီးမရှို့နိုင်ဘဲ...နောက်ထပ်ဘဝတခုကို သယ်ပိုးလာနိုင်ခြင်းဟာ သိပ်ကိုပြောင်မြှောက်လွန်းတဲ့ အမုန်းတရားကို ချပြလိုက်တာဘဲ....အစွဲအလန်းတွေကိုအဓိပ္ပယ်ဖွဲဆိုခဲ့တာဘဲဖြစ်တယ်....

မျက်နှာမြင် တောက်ခေါက်လိုက်ချင်ပါစေ အသံကြားနှပ်စက်လိုက်ချင်ပါစေ ဆိုတဲ့အမုန်းတရားတွေဟာ.... သူအသက်ရှင်နေသရွေ့ တည်ရှိနေအုန်းမာဘဲ..

သွေးနဲ့ရင်းပြီး တောင်းခဲ့တဲ့ဆု
တောင်းတွေ..
သွေးနဲ့ရင်းပြီး တိုက်ခဲ့တဲ့ ကျိန်စာတွေ..
သွေးနဲ့ရင်းပြီး ဆိုခဲ့တဲ့ သစ္စာတွေ..
သွေးနဲ့ရင်းပြီး စုတ်ဖြဲပစ်ချင်တဲ့ ငါ့စိတ်ဝိညာဥ်အဆက်ဆက်မှာ.....

Last Tear (Season 2)Where stories live. Discover now