Ep.39 (part 2)

6.1K 299 43
                                    

"ကကြိုးလေးတခုကပြမယ်...သခင်မကလိုက်ကပြ..."

"မကချင်ဘူး...စစ်ဘဲတိုက်ချင်တာ"

စိတ်ကူးယဥ်ကမ္ဘာလေးလို့ဘဲပြောရမလား....လွတ်မြောက်သွားသောဝိညဥ်ငယ်နှစ်ခု၏တွေ့ဆုံမူသည် ကမ္ဘာတခြမ်းတွင်လှလှပပလေး....

"ကျွန်မကပြမယ်...ယပ်တောင်လေးကိုဒီလိုလေးဖြန့်ချလိုက်...စည်းချက်တွေကြားထဲမှာခြေထောက်တွေကိုစပြီးလှုပ်ရှား...."

"အရမ်းလှတာဘဲယောင်း...တို့​ထိုင်ဘဲကြည့်မယ်...အဆုံးအထိကပြပေး"

"အခကြေးငွေက ဘာပေးမှာလည်း"

"ဘာလိုချင်လည်း"

"နှလုံးသားထဲကလှိုက်လှိုက်လှဲလှဲကျွန်မရဲ့ကကြိုးတွေကို သဘောကျပေးပါ"

"အဆင်ပြေပါတယ်...ငြိမ်ငြိမ်လေးထိုင်ပြီးအားပေးပေးမယ်."

ယောင်းကသဘောကျစွာပြုံးကာစည်းချက်တွေနဲ့အညီအလှပဆုံးကပြနေသည်...ကခုံနေရင်းနန်းဆောင်လေးထဲကနေ ပန်းဥယဥ်ထဲသို့ပြောင်းလဲသွားသည့်အခါ အိမ်ရှေ့စံမင်းသမီးသည် သစ်ပင်ဘေးကိုမှီထားသည်...ယောင်းကမြက်ခင်းတွေအပေါ်ဆက်လက်ကပြနေတုန်းဘဲ....

မင်းသမီးသည်ထိုင်နေရင်းမှယောင်းဆီဖြေးဖြေးချင်းလျှောက်လာတော့ ယောင်းကလက်ဖျားလေးတွေကိုခပ်ဖွဖွလေးဆွဲငင်ယူသည်....

"ကျွန်မနောက်ကိုလိုက်....အများကြီးပြုံးထားပေး"

"တို့ကရင် လှမှာသေချာလို့လား"

" သေချာတာပေါ့..အချစ်ရဆုံးရယ်...."

မြက်ခင်းစိမ်းကြီးထဲတွင်ယောင်းကသခင်မ၏လက်ကလေးတွေကိုဆုပ်ကိုင်ရင်းလှလှလေးကပြနေသည်...ကနေရင်းစည်းချက်တွေကမြန်ဆန်လာသည့်အခါ ပန်းနုရောင်လေးနှင့်သခင်မအား ခါးမှမြှောက်ပင့်ချီလျှက် ဝေ့ရမ်းလိုက်တော့ ရယ်မောနေလိုက်တာ....

"ဒီကကွက်က တို့အတွက်အကြိုက်ရဆုံးဘဲ"

မြက်ခင်းစိမ်းပေါ်ဖွဖွလေးလှဲချလိုက်ကာ သခင်မမျက်နှာကိုတခုခြင်းစေ့စပ်စွာငေးစိုက်ကြည့်နေတော့သခင်မကလည်းအပြိုင်အဆိုင်ပြန်ကြည့်လာသည်....

Last Tear (Season 2)Tempat cerita menjadi hidup. Temukan sekarang