Extra ❤❤

6K 308 41
                                    

အနက်ရောင်ဇိမ်ခံကားနားမှာထုံပေပေနဲ့မတ်တပ်ရပ်နေပြီး Chaeyoung မျက်နှာသည်တည်တင်းကာခက်ထန်နေလျှက်ရှိသည်.....

Jisoo: ငယ်အခုတမျိုးတော်တကြာမျိုးတွေတော့မလုပ်နဲ့...အခုသွားမှာလား မသွားဘူးလား ဒါဘဲပြော....

အသက်အရွယ်တခုအရ အခဲဖျော့ရောင်ဆံပင်တွေမဟုတ်တော့ဘဲ ရွှေအိုရောင်ဆံပင်လေးတွေကို သေသပ်စွာပုံချထားကာ တကိုယ်လုံးသိန်းသန်းချီတန်သော YSL Queen သည်ခေါင်းအစခြေအဆုံး ရွေအိုရောင်တွေဖြင့်ခမ်းနားနေသည်......

Chae:Chu! အခုငယ့်ကိုစိတ်တိုနေတာလား...ကျွန်မမဆုံးဖြတ်နိုင်သေးလို့ကားပေါ်မတက်သေးတာပေါ့...

အနက်ရောင်ကြိုးတချောင်းဂါဝန်ရှည်ဖြင့် Jisoo သည်အသက်အရွယ်တခုရောက်လာလေ ပိုမိုလှပလာလေဖြစ်လာကာ ဝေတေးဝါးတားလုပ်နေသောရှဥ့်ပေါက်ငယ်ကိုတကယ်စိတ်မရှည်တော့.....

"Chaeyoung နင်စိတ်မနိုင်ရင်လည်းမသွားနဲ့တော့ ဘာမှမဖြစ်နိုင်ပါဘူး JennieKim ကဖိတ်တယ်ဆိုပင်မယ့်လည်း လူမူရေးအရဘဲဖြစ်မှာပါ...မဖြစ်မနေကြီးခေါ်နေတာတော့မဟုတ်ပါဘူး"

Joy သည်လည်းဝတ်စုံအပြည့်ဖြင့်ငြူစူ​နေသည်...

Manoban Family ၏ New Years Party သည်သူတို့စံအိမ်ကြီးထဲတွင်ကြီးကျယ်ခမ်းနားစွာပြုလုပ်မည်ဖြစ်ပြီး ရှိသမျှသောအပေါင်းအသင်းမှန်သမျှကိုဖိတ်ခဲ့သည်....တိုက်ဆိုင်စွာ ဒီနှစ် New Year ကိုကိုးရီးယားမှာပြန်နေဖို့ KimJisoo တို့ပြန်လာကြတဲ့အခါ Joy ကိုအရင်သွားတွေ့ကြသည်....

မောင်တို့စုံတွဲ Joy ကိုဖုန်းလှမ်းဆက်ကာဖိတ်နေသည့်အချိန် KimJisoo တို့လည်းပြန်ရောက်နေကြောင်းစကားစပ်မိကြ၍ မောင်အတန်တန်တားနေသည့်ကြားက Jennie သည်မောင့်ရင်ဘတ်တွေကိုသုံးချက်ဆင့်ရိုက်ပါးစပ်ပိတ်ခိုင်းပြီး KimJisoo တို့ကိုပါဖိတ်လိုက်သည်....

8 နှစ်တောင်ကြာသွားခဲ့ပြီမလို့အနည်ထိုင်ရုံတောင်မကဘာမှတောင်ကျန်တော့မည်မဟုတ်ပါ...KimJisoo သည်စီးပွားဘက်ဟောင်းဖြစ်ပြီး ဘာကြောင့်ရယ်မသိ Chaeyoung တို့နဲ့လည်းအဆင်ပြေပြေပြန်တွေ့ချင်နေခဲ့သည်...အချိန်တွေကနည်းမှမနည်းတော့ဘဲ အားလုံးဟာလူကြီးတွေဖြစ်လာကြကာ မာယာတသိန်းပင်အတော်ကိုရင့်ကျက်နေပြီ...Ella လေးပင်၈နှစ်အရွယ်ရှိနေပြီမလို့ လူကြီးစကားတွေသာပြော၍ Jennie မှာသွေးတက်ရုံမကသွေ့စုတ်တဲ့ဘဝတောင်ရောက်နေခဲ့ပြီ....

Last Tear (Season 2)Where stories live. Discover now