Ep.38 (part 2)

5K 324 71
                                    

ဒီပွဲမှာ မေတ္တာရယ် လုံခြုံမူလေးတွေရယ်ပေးနိုင်သမျှသောပုံမှောက်ပေးခြင်းတွေနဲ့အချစ်ထက် သံယောဇဥ်အမှတ်တရတွေနဲ့ပိုကစားခဲ့သည်...တာဝန်ကျေကျေချစ်ပေးခဲ့သည် ချစ်ပေးနိုင်သလောက် သပ်သပ်ရပ်ရပ်တိတိကျကျချစ်ပေးနိုင်ခြင်း၏အဆုံးမှာ ကျွန်မဘာ​ဖြစ်သွားနိုင်မလည်းဆိုတာကိုသေချာမသိနိုင်ရင်တောင်ယုံကြည်မူရှိရှိနဲ့ရှေ့ဆက်သွားခဲ့တယ်...ခေါင်းအေးသလို သွေးလည်းအေးခဲ့တယ်...
ငယ့်တယောက်ထဲကိဘုဲလိုချင်လို့
ငယ့်မျက်နှာကိုဘဲကြည့်နေခဲ့တယ်...နောက်​ဆုံးတော့လည်း ငယ်တိုးဝင်လာခဲ့တာ KimJisoo ရင်ခွင်ထဲကိုဘဲ..ထပ်ပြောမယ်ချစ်မိပြီဆိုမီးကုန်ယမ်းကုန်ချစ် နောင်တမရှိစေရဘူး...

KimJisoo......

ခေါင်းတွေမာနေခဲ့တာ...အကြောလေးကလည်းတင်းခဲ့သေး နင်ဘယ်လိုမှမရနိုင်ပါဘူး ParkChaeyoung ရာလို့ဆိုရင်ကလေးလေးလိုဆွဲတော့လုလိုက်ချင်သေးတာ...ကံမပါလာရင်...ဖူးစာမသတ်မှတ်ခဲ့ရင်..ရေစက်တွေသာမဲ့ခဲ့ရင်...ဘယ်လောက်ဘယ်လောက်ဆိုးသော်ငြားရေးဆွဲပြီးသားကံကြမ္မာကိုဘယ်သူကများပြောင်းရေးနိုင်မှာတဲ့လည်း...တခါတလေ ကျွန်မတို့နဲ့အနီးဆုံးမှာရှိနေပြီး ကျွန်မတို့မမြင်ပေးနိုင်တဲ့အရာတွေက ဘဝရဲ့တန်ဖိုးအကြီးဆုံးတွေဖြစ်နေတတ်တယ်....ကျွန်မသိလာရတဲ့အခါ သူက ကျွန်မရဲ့လက်တွေကိုစိတ်ကုန်စိတ်ပျက်ပြီး လွတ်ချမသွားခဲ့တာဘဲ....တကယ်တမ်းဆိုရရင် ချစ်ပေးနေရသည့်ဘဝထက်..အချစ်ခံရသည်ဘဝသည်ပိုပြီးကောင်းမွန်ပါသည်...ကျွန်မအရမ်းကိုပင်ပန်းနေခဲ့ရပြီ...ဒီနေ့ကစအချစ်ခံရတဲ့ကလေးလေးတယောက်အနေနဲ့ဘဲအသက်ရှင်သွားတော့မှာ....

ParkChaeyoung....
.
.
.
..........................."
Jen:ငါ..ငါနင့်ကိုမချစ်ပေးနိုင်တော့ဘူးဆိုရင်ကော Lisa...

မောင့်ရဲ့အကြမ်းပတမ်းအနိုင်ကျင့်ခံထားရသည့်သွေးစို့နေသည့်နခမ်းလေးတွေသည်အတော်ကိုနာကျင်နေခဲ့ပါသည်....မြေအောက်ခန်းတံခါးကိုသော့ခတ်ကာခြေတလှမ်းစလှမ်းလိုက်ရုံနဲ့ဘယ်ဘက်ရင်အုံတခုလုံး အောင့်​မျက်လာသောဒဏ်သည်အတော့်ကို့ပြင်းပြင်းထန်ထန်....

ဆံပင်တွေကိုသေချာအလယ်ပြန်ခွဲလိုက်ကာ အကျီကိုပုံပြန်ချလိုက်ပြီး လှေကားတထစ်တက်ရုံနဲ့တင်အတော်ကိုမောပန်းလွန်းနေခဲ့သည်...ရေပြင်ညီလိုမျက်နှာအေးအေးနဲ့ပင်အပေါ်ထပ်ကိုလေးလေးပင်ပင်တက်လာတော့ အိမ်တော်ထိန်းကြီးနှင့်ထိပ်တိုက်ဆုံသည်....

Last Tear (Season 2)Tempat cerita menjadi hidup. Temukan sekarang