Ending (part 1)

6.2K 291 59
                                    

ဆုတောင်းကောင်းခြင်း
ဆုတောင်းတတ်ခြင်းတွေကြောင့် ဇာတ်အိမ်တခုလုံးမှာနာမည်အကြီးဆုံး ထက်ထက်မြက်မြက် Jennie လေးသည် အထင်ကရသောကိုယ်ပွားငယ်လေးဖြစ်တည်နိုင်ပြီ အောင်မြင်နိုင်ပြီဟုသိလိုက်ရပြီးတဲ့အခါ ချစ်စရာကောင်းသောအတ္တသေးသေးလေးတခုဟုဆိုနိုင်မလား ဆုတခုတောင်းခဲ့ပါသေးသည်....

မောင်တောင်းဆိုခဲ့စဥ်က....
"မင်းနဲ့ချွတ်စွတ်များတူလာခဲ့ရင်ရော"ဆိုတဲ့မဲစွယ်မူလေးတခုကိုလည်းစိတ်အလွန်စွဲခဲ့သည်....တပုံစံထဲချွတ်စွတ်လေးသာတူနေကြည့်မောင်သည်ထားစရာနေရာမရှိအောင်သဲသဲလှုပ်ချစ်ပြအုန်းမှာသည်မလွဲ....ဒါကိုလည်းလိုချင်ခဲ့သည်....

မောင့်ကိုဘဲဘဝတလျှောက်လုံးအလိုလိုက်အကြိုက်ဆောင်ခဲ့တာကြောင့် Jennie ကဒီတခုလေးကျတော့ကိုယ့်ဘက်ကိုယ်ပိုသာအောင်ဆွဲတွေးထားမိသည်....

ကလေးလေးကိုသူ့အတိုင်းလေး လိလိမ္မာမ္မာရိုရိုကျိုးကျိုးလေးဖြစ်တည်စေချင်ခဲ့သည်....မောင့်ကိုမချစ်၍မဟုတ်...မောင့်တယောက်ထဲရှာပေးသောဒုက္ခနဲ့တင်တံခါတရံ လောကကိုစိတ်ကုန်ကုန်နေတတ်လို့ ကလေးလေးသည်ခေါင်းအစခြေအဆုံးသူ့လိုလေးဘဲဖြစ်လာကာ စိတ်ပိုင်းဆိုင်ရာကအစ နူးညံသိမ်မွေ့ပြီး ယဥ်ကျေးလှသောကလေးလေးဘဲဖြစ်စေချင်ခဲ့တာ...လူလိမ္မာ CEO JENNIEKIM ရဲ့လောဘသေး သေးလေးပါ...အတည်အကျကြီးဖြစ်ကိုဖြစ်ရမယ်လို့ မဟုတ်ပင်မယ့်လည်းဖြစ်တော့ဖြစ်ချင်ခဲ့တာမလို့ ကံကြမ္မာကိုထစမ်းသပ်ခဲ့သူ....

လိမ္မာလွန်းသော တော်လွန်းသော သိပ်ထက်မြက်လွန်းသောလူမျိုးတွေထဲကတယောက်မလို့ သူဒီလိုမျိုးလေးသူ့သားသမီးကိုဖြစ်စေချင်ခဲ့တာအမှားတခုလို့တော့ပြောလို့မရချေ.....

ဆုတောင်းကောင်းခြင်း ဆုတောင်းတတ်လွန်းခြင်း အရည်အချင်းကို Jennie ကကောင်းကောင်းအသုံးချခဲ့သည်...ဒီဘဝမှာလည်းသူဒီဆုတခုကိုသာတောင်းခဲ့ခြင်းဖြစ်သည်....

.....မောင်ချစ်တာထက်..ကျွန်မကများမောင့်ကိုပိုသာပြီးချစ်ခဲ့တာများမှန်ရင်..ကလေးလေး​က JennieKim အသေးစားလေးအဖြစ်လောကထဲကိုရောက်ရှိလာပါစေ.......

Last Tear (Season 2)Tempat cerita menjadi hidup. Temukan sekarang